← နောက်သို့
ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု

ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု

2026-09-2413K

ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု စာရေးဆရာကြီး ကျင်းယုံ (Jin Yong) ၏ နာမည်ကျော် ဟောင်ကောင်သိုင်းဝတ္ထုဖြစ်တဲ့ "သိမ်းငှက်သူရဲကောင်းများ" ဇာတ်လမ်းတွဲ ကို ကြည့်ဖူးကြယင်၊ ဘာသာပြန် "သိုင်းဝတ္ထု သိုင်းလောက မှ သူရဲကောင်းများ" ကို ဖတ်ဖူးကြယင် အဓိက ဇာတ်ဆေ

အပြာစာအုပ်ရှည်

ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု

စာရေးဆရာကြီး ကျင်းယုံ (Jin Yong) ၏ နာမည်ကျော် ဟောင်ကောင်သိုင်းဝတ္ထုဖြစ်တဲ့ "သိမ်းငှက်သူရဲကောင်းများ" ဇာတ်လမ်းတွဲ ကို ကြည့်ဖူးကြယင်၊ ဘာသာပြန် "သိုင်းဝတ္ထု သိုင်းလောက မှ သူရဲကောင်းများ" ကို ဖတ်ဖူးကြယင် အဓိက ဇာတ်ဆောင် ဟွမ်ရုံ (Huang Rong) (သို့) ရုံအာ ကို သတိရကြမယ် ထင်ပါတယ်။ ဒီဇာတ်လမ်းကတော့ အများက လေးစားကြရတဲ့ သိုင်းလောကရဲ့ သူရဲကောင်း ဟွမ်ရုံ ရဲ့ မယုံကြည်နိုင်စရာ dark side story "ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု" ဖြစ်ပါတယ်။

အခန်း (၁-၁) အထမ်းသမား နဲ့ ဖွင့်လှစ်ခဲ့တဲ့ ဟွမ်ရုံ ရဲ့ ကမ္ဘာသစ်

ကျီရှန်းကာစီနို ဆိုတာ ရှန်းယန်မြို့မှာတော့ အကြီးဆုံး လောင်းကစားရုံ ဖြစ်ပြီး ယနေ့တိုင် ပေါ်ပေါ်တင်တင် လည်ပတ်နေနိုင်ဆဲ တစ်ခုတည်းသော လောင်းကစားရုံ လည်း ဖြစ်ပါတယ်။ အစကတော့ အခုလို စစ်ရေး အခြေအနေ ရှုပ်ထွေးတဲ့ကာလမှာ ဒါကို ပိတ်ပစ်လိုခဲ့ကြပေမဲ့ ဒီ လောင်းကစားရုံ နောက်မှာ ရှန်းယန်မြို့စောင့်တပ်မှူး လူဝမ်ဒီ ရှိတယ် လို့ သတင်းသဲ့သဲ့ ထွက်လာပြီးတဲ့နောက် မည်သူမှ ဒီ လောင်းကစားရုံ ကို ပိတ်ဖို့ မပြောကြတော့ဘူး။

လောင်းကစားရုံဝ က ကန့်လန့်ကာ ကို ဖွင့်လိုက်ပြီး လူတစ်ယောက် ထွက်လာတယ်။ သူက အရပ်မရှည်ပေမယ့် တောင့်တယ်၊ သန်မာတယ်။ သူ့အဝတ်အစားတွေ ဟောင်းနွမ်းစုတ်ပြဲနေတာ ကို ကြည့်ရုံနဲ့ အောက်ခြေ အလုပ်သမား တစ်ယောက်ဖြစ်မှန်း ပြောစရာ မလိုဘူး။ သူ့မျက်နှာက သာမန်လေးထောင့်စပ်စပ်၊ အသားအရေ က ဖြူဖျော့ဖျော့နဲ့ အမာရွတ်တွေ ကလည်း ရှိသေးတယ်။ ပါးစပ်က ထူထူ၊ နှုတ်ခမ်းမွှေးပါးပါးနဲ့ စကားပြော လိုက်ယင် အနံ့ဆိုးထွက်နေတဲ့ အဝါရောင်သွားတွေ ကို တွေ့ရမယ်။ သူက ဟိုစန်း။

သူ့ကိုမြင်တော့ ဂိတ်ကလူမိုက်က ရယ်လိုက်ပြီး "အိုး၊ တတိယသခင်၊ ပြန်ပြီလား။ နောက်ထပ် နှစ်ချီလောက် မကစားတော့ဘူးလား" လို့ မေးလိုက်တယ်။

ဟိုစန်းက မချိပြုံး ပြုံးလိုက်ရင်း “သေလိုက်ပါလား၊ ချီးလို့ပဲ။ ငါ့မှာ အားလုံးပြောင်ပြီး ကုန်းကောက်စရာတောင် မရှိတာ ဘယ်လို ဆက်ကစားရမလဲ” လို့ ပြန်ဖြေလိုက်တယ်။

လူအုပ်ရဲ့ ရယ်သံတွေကြားမှာ ဟိုစန်းဟာ စိတ်ဓာတ်ကျစွာနဲ့ ထွက်လာခဲ့တယ်။ ရှိတဲ့ငွေဒင်္ဂါး နှစ်ပြား လည်း လောင်းကစားလုပ်လို့ ပြောင်သွားပြီ။ ဒီငွေတွေက အထမ်းသမားအဖြစ် ခြောက်လလောက် ကြိုးစားပမ်းစား ရှာဖွေထားခဲ့ရတဲ့ ငွေတွေပါ။ လောင်းကစား ပိုးလေးက ကြွလာပြီး ယင်းထလာတော့ မကောင်းမှန်းသိပေမဲ့ မငြင်းဆန်နိုင်ဘဲ အားလုံးကို လောင်းကစားပစ်လိုက်မိလိုက်တယ်။

အခုတော့ ဟိုစန်း တစ်ယောက်တည်း ညစာအတွက် ဘယ်လို ဖြေရှင်းရမယ် မှန်းမသိဘဲ လျှောက်သွားနေမိတယ်။စိတ်ကူးတည့်ရာ လျှောက်နေရင်းက သူဘယ်ရောက် လို့ ရောက်နေမှန်းလည်း လုံးဝမသိတော့ဘူး။ ခပ်ထွေထွေနဲ့ လျှောက်နေရင်းက ခြံဝင်းတစ်ခု နောက်ဘက်တံခါး ပွင့်နေတာကို ရုတ်တရက် သတိထားမိလိုက်တယ်။ ဟိုစန်း ရင်တစ်ချက် ခုန်သွားတယ်။ ခြံဝင်းက အတော်လေး ခမ်းနားပြီး ချမ်းသာတဲ့ မိသားစုတစ်စုရဲ့ ပိုင်ဆိုင်မှုလို့ ထင်ရတယ်။ သူသာ ဒီအိမ်က ပစ္စည်းအနည်းငယ်လောက် ခိုးလိုက်နိုင်ရင် ညစာအတွက် ပူပန်စရာ မလိုတော့ဘူး။

ဟိုစန်း စဉ်းစားလိုက်ရင်း ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေတာ သေချာအောင် လှည့်ပတ်ကြည့်လိုက်ပြီး သတ္တိမွေးကာ ခြံထဲကို သူခိုးခြေလှမ်းနဲ့ တစ်လှမ်းချင်း လှမ်းဝင်သွားတယ်။ ဟိုစန်းက သူ့ကိုယ်သူ ယုံကြည်မှုရှိလို့လည်း အထဲဝင်ရဲတာ၊ တစ်အချက် သူက တောင့်တင်းပြီး သန်မာတယ်။ လူနှစ်ယောက်၊ သုံးယောက် လောက်နဲ့ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒုတိယအချက် သူက ကိုယ်ခံပညာကို ရက်အနည်းငယ် လေ့ကျင့်ထားပြီးသား၊ မနိုင်လို့ ခံရယင်တောင် အနည်းဆုံးတော့ အရိုက်အနှက်ဒဏ် ခံရင်း လွတ်အောင်ပြေးနိုင်တယ်။ တတိယအချက်က သူက မြန်ဆန်တယ်။ ပေါင် ၃၀ ဒါမှမဟုတ် ၄၀ လောက်ကို မယုံနိုင်လောက်အောင် မြန်တဲ့အမြန်နှုန်းနဲ့ သယ်ပြီး ပြေးနိုင်တာကြောင့် သာမန်လူတွေက သူ့ကို မဖမ်းနိုင်ဘူး။ ဒါကြောင့်လည်း ဟိုစန်းက ခြံဝင်းထဲကို ဒီလို မကြောက်မရွံ့ ဝင်သွားဖြစ်တာပါ။

ခြံဝင်းက အတော်လေး ကျယ်ဝန်းတယ်။ ဟိုစန်း ခြေဖျားလေး ထောက်ရင်း အိမ်ဝင်းထဲကို လျှောက်ဝင်လိုက်တယ်။ အဖိုးတန်ပစ္စည်းများ ရှာဖို့ အထဲကို ဝင်တော့မည့်အချိန် မျှော်လင့်မထားပဲ အခန်းထဲက အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတယ်။

ပထမတော့ ဟိုစန်းအနေနဲ့ ချက်ချင်းလှည့်ပြီး ထွက်ပြေးရန် ကြံစည်လိုက်ပေမဲ့ သူကြားလိုက်ရတဲ့အသံကြောင့် ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအသံက အမျိုးသမီးတစ်ဦးရဲ့ ညည်းညူသံဖြစ်နေတယ်လေ။ အသံက တိုးတိုးလေး၊ သတိမထားယင် ကောင်းကောင်းတောင် မကြားရနိုင်ဘူး။ ဒါပေမဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ယာထဲက ညည်းညူသံ ဆိုတာတော့ သူ သေချာပေါက် သိတယ်။

ဒါနဲ့ ဟိုစန်းလည်း အိမ်ထဲကို တိတ်တိတ်လေး ခိုးဝင်လိုက်တယ်။ အသံက အတွင်းခန်းကနေ လာတာ။ ဟိုစန်း အနည်းငယ် စိတ်လှုပ်ရှားနေမိတယ်၊ အထဲမှာ လူဘယ်နှစ်ယောက်ရှိလဲဆိုတာ သူမသိပေမဲ့ လပေါင်းများစွာ မိန်းမတစ်ယောက်မှ မထိမတွေ့ခဲ့ရတာကြောင့် ဒီရမ္မက်ကြွယ်ပြီး စိတ်ထနေတဲ့ မိန်းမ ဘယ်သူဘယ်ဝါ ဆိုတာ သိဖို့ ချောင်းမယ် လို့ ဆုံးဖြတ်လိုက်တယ်။

အခန်းထဲကို သူ ခိုးကြည့်လိုက်တော့ အခန်းထဲမှာ ကုတင်ကြီးတစ်လုံး၊ မှန်တင်ခုံ တစ်ခု၊ ရေဇလုံတစ်လုံး၊ အဝတ်ဗီရိုတစ်လုံးနဲ့ အဝတ်လဲဖို့ ကန့်လန့်ကာ တစ်ခု ကို တွေ့လိုက်ရတယ်။ အဝါရောင် ဖျော့ဖျော့ အဝတ်အစား အတော်များများ ကိုလည်း ကန့်လန့်ကာမှာ လွှားထားတာ တွေ့ရတယ်။ ပြောရယင် အဝတ်အစားတွေနဲ့ မတူဘဲ ကိုယ်ခံပညာဝတ်စုံနဲ့ ပိုတူသလိုပဲ။ ကုတင်အောက်မှာ ပါးလွှာတဲ့ ပိတ်ဖိနပ်တစ်ရံက ဟိုစန်းရဲ့ သံသယကို အတည်ပြုပေးတယ်။ ကိုယ်ခံပညာကို ကျွမ်းကျင်တဲ့ အမျိုးသမီး တစ်ယောက်ပဲ။ ဒါပေမယ့် ဟိုစန်း စဉ်းစားမရတာက ဘာလို့ မှန်တင်ခုံ စားပွဲမှာ အစိမ်းရောင်တောက်တောက် ဝါးတုတ် တစ်ချောင်း မှီရက် ရှိနေရတာလဲ ဆိုတာပဲ။ ပြောရယင်တော့ သူ့မျက်လုံးတွေက ကုတင်ပေါ်က မြင်ကွင်းကိုပဲ စွဲလန်းနေတော့ ဝါးစိမ်းတုတ် အကြောင်းအသာထား၊ မျက်တောင်ခတ်ဖို့တောင် အချိန်မရှိဘူး။ ဒါပေမယ့် တကယ်လို့သာ အဲဒီအစိမ်းရောင်ဝါးတုတ် ပိုင်ရှင်ကို သူသိခဲ့ရင် အခုလို ဆက်ကြည့်နေဖို့ သတ္တိ ရှိပါ့မလားပဲ။

To be continue....