← နောက်သို့
ဟွမ်ရုံရဲ့  အသွင်ပြောင်းလဲမှု(Season2)

ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု(Season2)

2026-10-2013K

အခန်း (၁-၁) မက်မွန်ကျွန်း အိပ်မက် ကောကျင့်က သူကိုယ်တိုင် အားသွန်းခွန်စိုက် ကင်ထားတဲ့ သင်းပျံ့မွှေးကြိုင်နေသည့် ကြက်ကင်ပူပူလေးကို ဟွမ်ရုံအတွက် အဆင်သင့် ပြင်ဆင်ပေးထားသည်။

အပြာစာအုပ်ရှည်

အခန်း (၁-၁) မက်မွန်ကျွန်း အိပ်မက်

ကောကျင့်က သူကိုယ်တိုင် အားသွန်းခွန်စိုက် ကင်ထားတဲ့ သင်းပျံ့မွှေးကြိုင်နေသည့် ကြက်ကင်ပူပူလေးကို ဟွမ်ရုံအတွက် အဆင်သင့် ပြင်ဆင်ပေးထားသည်။ လွန်ခဲ့သည့်ညက ရင်ဖွင့် ဝန်ခံချက်များ၏ နောက်ဆက်တွဲအဖြစ် သူတို့နှစ်ဦးကြားရှိ အထင်လွဲမှုများ၊ မွန်းကျပ်မှုများသည် အရည်ပျော်သွားခဲ့ပြီဖြစ်ရာ၊ ဟွမ်ရုံ၏ မျက်နှာထက်တွင် ကြည်နူးစရာ အပြုံးနုနုလေးတစ်ခု ပြန်လည် ဆန်းသစ် လာခဲ့သည်။ ကြက်ကင်ကို မြိန်ရှက်စွာ စားသုံးနေသည့် ဟွမ်ရုံကိုကြည့်ရင်း ကောကျင့်၏ ရင်ထဲတွင်လည်း သက်ပြင်းနွေးနွေးတစ်ခုကို ချလိုက်မိသည်။

မနက်စာ စားသောက်ပြီးနောက် ချစ်သူနှစ်ဦးသည် လက်ချင်းတွဲလျက် ပျော်ရွှင်မြူးထူးစွာဖြင့် သိုင်းလောက သူရဲကောင်းများ စုဝေးရာ ဗဟို စစ်စည်းဝေးပွဲ ခန်းမကြီးဆီသို့ ထွက်ခွာလာခဲ့ကြသည်။

မြူးကြွစွာ ထွက်ခွာသွားတဲ့ ဟွမ်ရုံ ကို ကြည့်ရင်း လီဘို က ‘ခြင်းထဲက ကြက် လွတ်ထွက်သွားပြီလား’ လို့ တွေးတောရင်း ခေါင်းတခါခါ ဖြစ်နေမိတယ်။ ဒါပေမဲ့ ဟွမ်ရုံက တခါ စည်းကျော်ပြီး ဖောက်ပြန်ဖူးတာမလို့ ‘ပြန်ဆာလာယင် ခြံခုန်ဖို့ ဝင်လေးမှာ မဟုတ်ပါဘူးလေ’ လို့ တွေးရင်း ခေါင်းတငြိမ့်ငြိမ့် နဲ့ ကိုယ့်ကိုယ်ကို ပြန်အားပေးနေမိတယ်။

စစ်စခန်းကို ရောက်တဲ့အခါ ဟွမ်ရုံက တချက်ဝေ့ကြည့်လိုက်တယ်။ သူမ ပူပန်နေသလို လူဝမ်ဒီ မရောက်သေးတာကို တွေ့မှ သက်ပြင်းချရင်း မျက်လွှာချကာ ဆက်လျှောက်သွားလိုက်တယ်။ ‘လျူချင်ချင် အိပ်ယာထဲက မထသေးတာ နေမှာပေါ့’ ဆိုတဲ့ အတွေးကိုတော့ “မက်မွန်ကျွန်းကို မကြာခင်မှာ ပြန်ပြီး ပျော်ပျော် ရွှင်ရွှင် နေကြရတော့မယ်” ဆိုတဲ့ အတွေးနဲ့ အစားထိုးရင်း ကြိတ်မှိတ်ဖျောက်ထားလိုက်တယ်။

ကောကျင့်သည် မြေပုံကို လက်ညှိုးထိုးကာ မြို့၏ကာကွယ်ရေးကို အားဖြည့်ခြင်းအကြောင်း အခြားသူများနှင့် ဆွေးနွေးရင်း အလယ်ဗဟိုတွင် ထိုင်နေသည်။

လရောင်ကဲ့သို့ဖြူဖွေးသော အင်္ကျီပေါ်တွင် ဖျော့ဖျော့ခရမ်းရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေနီရောင် ဖီးနစ်ငှက်ဆံထိုးဖြင့် အလှဆင်ထားသော ဆံပင်ကို မြင့်မားစွာထုံးထားသော ဟွမ်ရုံသည် ကောကျင်းဘေးတွင် ကျက်သရေရှိစွာ ထိုင်နေသည်။

ခန်းမကြီးအတွင်း၌မူ လေထုက အလွန်တင်းမာလျက်ရှိ၏။ ရှန်ယန်၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများနှင့်အတူ သိုင်းလောက နာမည်ကျော် သူရဲကောင်းအများအပြား ရောက်ရှိနေကြပြီး ဆွေးနွေးပွဲ မှာ အရှိန်မြင့်တက်နေသည်။

"ဘာ? ကျွန်တော်တို့က ဝန်ကြီးချုပ် ချင်ကို မွန်ဂိုနိုင်ငံတော်ကို လိုက်ပို့ရမှာလား။ ရဟန်းတွေကို အကူအညီတောင်းရမှာလား။ ဒီနှိမ့်ချတဲ့ရဟန်းက မသွားဘူး!"

ပထမဆုံးစကားပြောသူက ရဟန်းဘူဂျီဖြစ်ပြီး သူ့အသံက ခေါင်းလောင်းသံလို ကျယ်လောင်နေပြီး အခန်းထဲက လက်ဖက်ရည်ခွက်တွေကို အနည်းငယ်တုန်ခါစေပါတယ်။

“မွန်ဂိုတွေနဲ့ ကျွန်တော်တို့ ဟန်လူမျိုးတွေက ကြာရှည်စွာ ရန်ငြိုးထားခဲ့ကြပြီး ဂျင်နိုင်ငံတော်ရဲ့ မဟာမိတ် တွေဖြစ်ခဲ့ကြတယ်။ သူတို့ကို ဘယ်လိုဦးညွှတ်ရမလဲ” တခြား တစ်ယောက်က ဒေါသတကြီး ဝင်ပြောပါတယ်။

“ဟုတ်တယ်! အဲဒီကိုသွားရင် ခွေးကို ဝက်သားပေါက်စီ ပစ်ကျွေးသလိုပါပဲ၊ တစ်လမ်းသွားခရီးပဲ။ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!” လူအုပ်ကြီးက ပဲ့တင်ထပ်ပြီး ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။

“အဟမ်း”

စားပွဲထိပ်က လှပတဲ့အမျိုးသမီးတစ်ယောက်က တိုးတိုးလေး ချောင်းဆိုးလိုက်ပြီး သူမရဲ့အသံက နူးညံ့ပေမယ့် အာဏာရှိတဲ့ပုံစံနဲ့ပါ။ အားလုံးချက်ချင်းပဲ တိတ်ဆိတ်သွားကြတယ်။ အဲဒါကတော့ သူတောင်းစားဂိုဏ်းရဲ့ခေါင်းဆောင်နဲ့ ကော်ကျင်းရဲ့ဇနီး ဟွမ်ရုံ ပါ။ သူမက သူမဘေးရှိ ကောကျင့် ဘက်သို့လှည့်၍ "အစ်ကိုကျင်း၊ အကို့ အစီအစဉ် နဲ့ ပတ်သက်ပြီး လူတိုင်းကို အသေးစိတ်ရှင်းပြပါ" ဟုပြောလိုက်တယ်။

ကောကျင့်သည် မတ်တပ်ထရပ်လိုက်တယ်။ သူ၏ ထုထည်ကြီးမားသော ခန္ဓာကိုယ်နှင့် တည်ငြိမ်လှသော မျက်နှာထားသည် ခန်းမအတွင်းရှိ သူရဲကောင်းများကို ချက်ချင်းပင် ငြိမ်သက်သွားစေတယ်။ သူက အားလုံးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် ခိုင်မာပြတ်သားသည့် အသံဖြင့် စကားစတင်လိုက်တယ်။

“ညီအစ်ကို သူရဲကောင်းတို့... သင်တို့၏ ဒေါသနှင့် စိုးရိမ်မှုများကို ကိုယ်တော်ကျင့် နားလည်ပါတယ်။ မွန်ဂိုနှင့် ဟန်တို့ကြားက နာကျည်းမှုတွေ၊ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကိုလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးပါပြီ။ သို့သော်လည်း... ယခုခရီးသည် မွန်ဂိုတို့ထံ ဒူးထောက် ခစားရန် သွားသည့် ခရီး မဟုတ်ပါ။ စစ်မီးကို ငြှိမ်းသတ်ရန် သွားသည့် ခရီးဖြစ်ပါတယ်။”

သူက ခန်းမအတွင်းရှိ သူရဲကောင်းများကို တစ်ဦးချင်းစီ စိုက်ကြည့်ရင်း ဆက်ပြောလိုက်တယ်။

“ဂျင်းဂစ်ခန်ဟာ အခုဆို မကျန်းမမာဖြစ်ပြီး သေအံဆဲဆဲ အခြေအနေကို ရောက်နေပါပြီ။ သူ၏ နောက်ဆုံးအချိန် မရောက်မီ ကိုယ်တော်ကျင့် ဆမားကန်း စစ်မြေပြင်ကနေ မွန်ဂိုစခန်းဆီ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်မဲ့တဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့၊ အပြစ်မဲ့ ပြည်သူအပေါင်းကို သတ်ဖြတ်နေတာတွေကို အဆုံးသတ်ဖို့အတွက် ကိုယ်တိုင် သွားရောက် ဖျောင်းဖျပြောဆိုမှာပါ။ ဒါဟာ မွန်ဂိုတွေကို ဦးညွှတ်တာမဟုတ်ဘဲ မြေကမ္ဘာပေါ်က အပြစ်မဲ့ ပြည်သူထုကြီးတစ်ခုလုံးရဲ့ အသက်ပေါင်းများစွာကို ကာကွယ် စောင့်ရှောက်ဖို့အတွက် သွားရမယ့် ခရီးဖြစ်ပါတယ်။”

ကောကျင့်၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားသည်။ ကောကျင့်၏ ရိုးသားဖြူစင်မှုနှင့် တိုင်းသူပြည်သားတို့ အပေါ် ထားရှိသည့် ကရုဏာတရားကို အားလုံးက သိရှိထားကြသဖြင့် မည်သူမျှ ချက်ချင်း မကန့်ကွက်နိုင်ကြတော့ပေ။

ထိုစဉ် ဟွမ်ရုံသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူတောင်းစားဂိုဏ်း၏ စိမ်းမြနေတဲ့ ခွေးရိုက်တုတ် (Green Dog Beating Staff) ကို ကိုင်မြှောက်ကာ တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ဖြည့်စွက်ပြောဆိုလိုက်သည်။

“ညီအစ်ကိုတို့... အစ်ကိုကျင်း ပြောတာ မှန်ပါတယ်။ မွန်ဂို စစ်တပ်ဆီ သွားရတာဟာ စားကျက်ထဲ ဝင်ရသလို အန္တရာယ်များမှန်း ရုန်အာ သိပါတယ်။ ဒါပေမဲ့ ရုန်အာကိုယ်တိုင် အစ်ကိုကျင်းနဲ့အတူ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါသွားမှာပါ။ ဝန်ကြီးချုပ် ချင်နဲ့ ရဟန်းတော်များ လိုက်ပါရခြင်းဟာလည်း တိုက်ခိုက်ဖို့ မဟုတ်ဘဲ၊ ငြိမ်းချမ်းရေး သမိုင်းဝင် စာချုပ်ကို သက်သေပြုနိုင်ဖို့နဲ့ တောင်ပိုင်းဆုန်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ပြသဖို့ဖြစ်ပါတယ်။ ရုန်အာတို့ စုံတွဲရဲ့ အသက်နဲ့ ရင်းပြီး လူတိုင်းရဲ့ လုံခြုံရေးကို အာမခံပါတယ်။”

ဟွမ်ရုံသည် ကောကျင့်ကို ကြည့်ကာ သာယာစွာ ပြုံးပြလိုက်သည်။ စစ်မီးများ လွှမ်းမိုးနေသည့် မွန်ဂိုနယ်မြေဆီသို့ ဦးတည်ရတော့မည် ဖြစ်သော်လည်း၊ ယခုအခါတွင်မူ သူတို့နှစ်ဦး၏ အချစ်နှင့် စိတ်ဓာတ်တို့သည် ပိုမိုခိုင်မာသွားခဲ့ပြီဖြစ်ရာ မည်သည့် အခက်အခဲကိုမဆို အတူတကွ ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။