
ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု
အပိုင်း (22)
အခန်း (၇-၁) နှောင်းခဲ့ပြီလား နှင်းသစ္စာ ဒီနှစ် ရှမ်းယန်ရဲ့ ဆောင်းကာလ က ထူးဆန်းစွာ ရှည်ကြာလွန်းတယ်၊ နွေဦးရာသီပဲ ကုန်တော့မယ်၊ နှင်းတွေက အရည်မပျော်နိုင်သေးဘူး။
အပြာစာအုပ်ရှည်
အပိုင်း (22)
အခန်း (၇-၁) နှောင်းခဲ့ပြီလား နှင်းသစ္စာ ဒီနှစ် ရှမ်းယန်ရဲ့ ဆောင်းကာလ က ထူးဆန်းစွာ ရှည်ကြာလွန်းတယ်၊ နွေဦးရာသီပဲ ကုန်တော့မယ်၊ နှင်းတွေက အရည်မပျော်နိုင်သေးဘူး။
အပြာစာအုပ်ရှည်အခန်း (၇-၁) နှောင်းခဲ့ပြီလား နှင်းသစ္စာ
ဒီနှစ် ရှမ်းယန်ရဲ့ ဆောင်းကာလ က ထူးဆန်းစွာ ရှည်ကြာလွန်းတယ်၊ နွေဦးရာသီပဲ ကုန်တော့မယ်၊ နှင်းတွေက အရည်မပျော်နိုင်သေးဘူး။ (ဒါဟာ အပြောင်းအလဲ တစ်ခုဆီ ဦးတည်နေတဲ့ နမိတ်ပေလား မသိနိုင်) စစ်စခန်းဆီက ဝုန်းဒိုင်းကြဲနေတဲ့ စစ်ဗုံသံတွေနဲ့ မြင်းဟီသံတွေက အေးစက်လှတဲ့ လေထုထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ။
ဟွမ်ရုံ ဟာ ရမ္မက်ဆန္ဒ မျှော်လင့်ချက်တွေ ပျက်စီးပြီး စိတ်အခြေအနေ ရှုပ်ထွေးနောက်ကျိစွာနဲ့ စစ်စခန်းကနေ ဦးတည်ရာမဲ့ လျှောက်ထွက် လာခဲ့တယ်။ စိတ်လေနေလွန်းလို့ သူမရဲ့ မြင်းနီလေး ကိုတောင် မေ့ကျန်ခဲ့တဲ့အထိပဲ။
“ရုံအာ…”
အသံနဲ့အတူ တောအုပ်ကြားကနေ မြင်းနီလေးစီးပြီး ယောက်ျားတစ်ယောက် ထွက်လာ ခဲ့တယ်။ နှင်းလေ အဝှေ့မှာ သူ့ အဝတ်အစားတွေက တဖျတ်ဖျတ်လွင့်နေပြီး၊ စစ်ရေး နဲ့ အနည်းငယ် ပင်ပန်းဟန် ရှိပေမဲ့ သူ့ရဲ့ မျက်နှာက ရိုးသားဖြူစင်မြဲ။ သူမ သိပ်ချစ်ရတဲ့ အစ်ကိုကျင်း…။
ရုတ်တရက် ဟွမ်ရုံ တုန်ခနဲ ဖြစ်သွားတယ်၊ နောက် ရင်ထဲမှာ တစ်ဆို့လာတယ်။ သူမထက် မွန်ဂို စစ်ရေးကို ပိုအလေးပေးတတ်တဲ့ အစ်ကိုကျင်းကို ရွဲ့ချင်စိတ်နဲ့ သွေးသားဆန္ဒကို မလွန်ဆန်နိုင်မှု တွေကြောင့် 'ကိုယ်တိုင်လည်း သဘောကျတယ်၊ သူတစ်ပါးကိုလည်း မထိခိုက်ဘူးဆိုရင် ဘယ် စည်းကမ်းမှ ဂရုစိုက်ဖို့မလိုဘူး' ဆိုတဲ့ အဖေဖြစ်သူရဲ့ အတွေးအတိုင်း သူမ စိတ်ထင်ရာစိုင်းခဲ့မိပြီးပြီ။ သူမရဲ့ ဖြူစင်မှုတွေ ဟာလည်း တန်ဖိုးကြီးပေမဲ့ အရောင်စွန်းခဲ့တဲ့ အဖြူရောင် ဖဲသားဝတ်စုံ လို လျှော်ဖွပ်ရ ခက်ခဲတဲ့အထိ ညစ်နွမ်း ခဲ့ရပြီးပြီ။
အခုလို ရမ္မက်နောက်လိုက်မိလို့ စက်ဆုပ်ရွံရှာဖွယ်ရာ လူတစ်ယောက်ရဲ့ အရှက်ခွဲမှုကို ခံရပြီး စိတ်ဓာတ်ကျနေချိန်မှာ အစ်ကို့ရဲ့အပြုံးကို မြင်လိုက်ရတော့ မျက်ရည်တွေ ဝဲတက်လာပြီး ငိုချင်စိတ်ကို ထိန်းမရတော့ဘူး။ ဒါပေမယ့် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်မိတယ်။
ကောကျင့်က မြင်းပေါ်က လွှားခနဲ ဆင်းလိုက်ရင်း ဟွမ်ရုံရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်မိုးကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးရှာတယ်။
ကောကျင့် က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ ထူးဆန်းစွာ မတ်တပ်ရပ်နေတဲ့ နှင်းလူသား အရုပ်ကြီး နှစ်ရုပ် ပေါ်လာတယ်။ သေချာကြည့်ယင် နှင်းရုပ်ကြီး တွေက လက်ရာ မပြောင်မြောက်လှပေမယ့် တစ်ရုပ်က ခပ်တုံးတုံးပုံစံနဲ့ နောက်တစ်ရုပ် ကတော့ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ယောက်ရဲ့ ပုံသဏ္ဌာန်။ ဒါဟာ... သူတို့ငယ်ငယ်က ဆော့ကစား ခဲ့ဖူးတဲ့ နှင်းရုပ်တွေပဲ။
ဟွမ်ရုံ ဟာ သူမ သိပ်ချစ်ရတဲ့ ကောကျင့် ကို ကူကယ်ရာမဲ့ မျက်နှာထား နဲ့ မော့ကြည့်လိုက်ပြီး မျက်ရည်တွေ ပိုကျလာပြီး ရှိုက်ရှိုက် ငိုလိုက်ရင်း ကောကျင့် ရင်ခွင်ထဲက ရုန်းထွက်လိုက်တယ်။ ကိုယ့်အပြစ် နဲ့ ကိုယ် မို့လို့ မျက်နှာမထားတတ်တာလည်း ပါပါတယ်။
ကောကျင့်ဟာ လူဖြောင့်ဖြစ်ပြီး အနည်းငယ် ရိုးအကာ သူတစ်ပါးကို သံသယမဝင် တတ်ပေမယ့် အခြေအနေကိုတော့ ရိပ်မိပုံရတယ်။ သူ့မျက်လုံးထဲမှာ ဝေဒနာနဲ့ နောင်တရိပ်တွေ အတိုင်းသား မြင်နေ ရတယ်။ သူက သက်ပြင်းတစ်ချက်ချရင်း ဟွမ်ရုံရဲ့ပုခုံးလေးကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး နာကျင်စွာနဲ့ တောင်းပန်စကား ဆိုလိုက်တယ်။
“ရုံအာ… အစ်ကို့ကို ခွင့်လွှတ်ပါ၊ ဒီတစ်နှစ်ကျော် အတွင်းမှာ အစ်ကို့ ကြောင့် ရုံအာ သိပ်အထီးကျန်ပြီး စိတ်ဆင်းရဲခဲ့ရပြီ။ ဆရာငါးယောက် ဆုံးပါးသွားခါစက အစ်ကို့ရင်ထဲမှာ သောကတွေ၊ ဒေါသ တွေ ပြည့်နှက်နေခဲ့တယ်။ သံသယတွေ ရှုပ်ထွေးနေမိလို့ ‘မင်းအဖေက ငါ့ဆရာတွေကို သတ်တဲ့ လူသတ်သမားပဲ၊ မင်းနဲ့ငါ ဒီနေ့ကစပြီး ရန်သူတွေပဲ’ ရက်ရက်စက်စက် ပြောပြီး ရုံအာ အပေါ်မှာ အမှားတွေ အများကြီး လုပ်ခဲ့မိပါတယ်”
ကောကျင့်ရဲ့ မျက်ဝန်းတွေက ဝမ်းနည်းမှုကြောင့် တုန်ရီနေပြီး နှုတ်ခမ်း ကို တင်းတင်းစေ့ကာ ဆက်ပြောလိုက်တယ်။
“အဲ့ဒီနောက်မှာလည်း ၁၂၂၅ ခုနှစ်မှာ ကိုယ်တို့ ဆုန်းပြည်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ‘လျှို့ဝှက်စစ်မိန့်’ ပေါ်လာခဲ့ပြီး အမေလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရတယ်။ ဒီ တစ်နှစ်ကျော် ကာလမှာ အစ်ကို့နှလုံးသား တစ်ခုလုံး ကြေကွဲ ပျက်စီးပြီး အမှောင်ထုထဲ ရောက်နေခဲ့တယ်။”
“အဲဒါကြောင့် ရုံအာ အသက်စွန့်ပြီး ဆရာတွေကိစ္စ အဖြစ်မှန် ပေါ်အောင် ရှာဖွေပေးခဲ့တာ ဆရာကြီး ခေါင်ကျိချန် ရှင်းပြလို့ နားလည်ခဲ့ပေမဲ့ ရုံအာ့ကို ဂရုမစိုက်နိုင် ခဲ့တာပါ။ နောက်ပြီး မွန်ဂိုတွေက ဆုန်းတိုင်းပြည်နဲ့ မဟာမိတ်ဖွဲ့ပြီး နယ်မြေ ဖြတ်သန်းခွင့် တောင်းပြီး ဂျင်နိုင်ငံကို ညှပ်တိုက်မလား၊ ဒါမှမဟုတ် ဆုန်းပြည်ဘက် ကိုပဲ မြှားဦးလှည့် လာမလား ဆိုတာတွေနဲ့ အစ်ကို့ ခေါင်းထဲမှာ စိုးရိမ်ပူပန်မှုတွေ အပြည့်ဖြစ်နေခဲ့တာလည်း ပါပါတယ်”
ကောကျင့် ရဲ့ ခွင့်လွှတ်ဖို့ ရှင်းပြရင်း တောင်းပန်တဲ့ စကားတွေကြောင့် ဟွမ်ရုံ ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားရတယ်။ ကောကျင့် ကို သူမ သိပ်ချစ် တာပေါ့… ကောကျင့် ဘေးနားမှာပဲ တစ်သက်လုံး နေသွားချင် ခဲ့တာပါ။ ဒါပေမဲ့… သူမ ခန္ဓာကိုယ်က သူမ ခင်ပွန်း အပြင် ယောကျာ်း နှစ်ယောက် … တစ်ယောက်က အထမ်းသမား၊ တစ်ယောက်က အကျင့်ပျက် အရာရှိ … စိတ်ကြိုက် အသုံးချခဲ့ကြပြီးလို့ ညစ်နွမ်းနေခဲ့ပြီ။
ပထမဆုံးအကြိမ် ကတော့ ကံကြမ္မာရဲ့ လှည့်စားမှု ကြောင့် မမျှော်လင့်ဘဲ စည်းကျော် မိတာ၊ နောက်ပိုင်းမှာတော့ ‘မိန်းမ တစ်ယောက်က သူ့ အာသာဆန္ဒတွေ ဖြေဖျောက် နိုင်အောင် လိင်ဆက်ဆံဖော် ရှာမိတာ သူ့ယောက်ျားကို သစ္စာဖောက်တယ်လို့ ပြောမရပါဘူး’ တို့၊ ‘သဘာ၀ အရ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရုံ’ တို့လို ညှို့အားပြင်းတဲ့ လူဝမ်ဒီရဲ့ ဆွဲဆောင် ဖြားယောင်းတဲ့ အတွေးအခေါ်တွေ အောက်မှာ စိတ်အလို နောက်လိုက်ပြီး ဆက်မှားခဲ့မိတဲ့ သူမ၊ အခုအချိန်မှာ အစ်ကိုကျင်းကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိဘူး။
ကောကျင့်က နာကျင်မှု၊ ပူလောင်မှု၊ စိုးရိမ်မှုတွေနဲ့ ရုန်းကန်ရင်း ချစ်ရတဲ့သူတွေ ဆုံးရှုံးရတာကို စိတ်ဖြေနိုင်ဖို့ မွန်ဂိုအရေးမှာ စိတ်နှစ် ထားချိန်၊ သူမ ~~ သူမက မဆင်မခြင် စိတ်အလိုလိုက်ခဲ့မိတဲ့ အမှောင်ဇာတ်လမ်းက အခုတော့ ကျွံမိတဲ့ ကြမ်းလိုပါပဲ နုတ်ရလွယ် ပါ့မလား။
‘ငါ နောက်ထပ် ဆက်ပြီး ထိန်းသိမ်းမနေနိုင်တော့ဘူး၊ ဒီလောက်ဆို လုံလောက်ပြီ။’ လို့ တောင် သူမ ဆုံးဖြတ် လိုက်သေးတယ် မလား။ မဖြစ်သင့်မှန်း သိသိနဲ့ မတူညီတဲ့ ယောကျာ်းတွေ ရဲ့ အသစ်အဆန်းဖြစ်မှု နဲ့ ရင်ခုန် စိတ်လှုပ်ရှားမှု မျိုးစုံ ပေးစွမ်းနိုင်တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု မှာ တိမ်းမူး သာယာ နေခဲ့တာမလား။
ပြီးတော့ လူဝမ်ဒီ မတောင်းဆိုမှီ နဂိုကတည်းက ပါးစပ်နဲ့ စမ်း လိင်ဆက်ဆံကြည့်ဖို့ သူမ တွေးနေခဲ့တာ မလား။ ဒီနေ့သာ အကျင့်ယုတ်တဲ့ လူဝမ်ဒီ က သူမကို အကြောကြီးနဲ့ မဆက်ဆံခဲ့ယင် သူ့အလိုကျ လိုက်လျောပြီး အဝတ်အကုန်ချွတ်၊ ကိုယ်လုံးတီးနဲ့ သူ့လီးကြီးကို အားရပါးရ စုပ်ပေးပြီးလောက်ပြီ။ နောက်ပြီး ဒီအချိန် အထိ လူဝမ်ဒီ ပြောခဲ့တဲ့ အတိုင်း အပေါစားမိန်းမ တစ်ယောက်လို မျိုးစုံ အရှက်ခွဲ၊ နှိမ့်ချ ပြောဆိုတာမှာ သာယာရင်း ပြည့်တန်ဆာမ တစ်ယောက်လို သူ့အောက်မှာ ရမ္မက်ထန်ထန် နဲ့ လူးရင်း လွန့်ရင်း ပိုးစိုးပက်စက် အလိုးခံ နေလောက်ပြီ မဟုတ်လား။ ဟွမ်ရုံ ဟာ တွေးရင်း အသက်ရှူကျပ် လာတယ်။
“စိတ်ခံစားမှု နဲ့ သာယာမှု” ပါ ရောယှက်နေတဲ့ ဒီ ကာမ အမှောင် ထဲကနေ သူမ တကယ်ပဲ နောက်ဆုတ် ရုန်းထွက်နိုင် ပါ့မလား။
နောက်ပြီး ကောကျင့် က ရိုးအလှပေမယ့် တစ်ခါတလေ လူကဲခတ် ကောင်းတတ်တာမို့ သူမရဲ့ လျှို့ဝှက်ချက်တွေကို ‘အစ်ကိုကျင်း ရိပ်မိနေပြီလား’ ဆိုတဲ့ အကြောက်တရားက ဟွမ်ရုံရဲ့ ရင်ထဲ၊ နှလုံးသားထဲ အထိ အေးစက်တုန်ယင် လာစေတယ်။
ကောကျင့် က သူမအနားကို ဖြည်းဖြည်းချင်း တိုးကပ်လာပြီး အေးစက်နေတဲ့ သူမရဲ့ လက်ကလေးနှစ်ဖက်ကို သူ့ရဲ့ လက်ဖဝါး နွေးနွေးတွေနဲ့ အုပ်မိုးဆုပ်ကိုင်လိုက်တယ်။
“ရုံအာ… မငိုပါနဲ့။ ဘာလို့ ဒီလောက် ဝမ်းနည်းနေရတာလဲ အစ်ကို့ကို ပြောပြပါ။ အစ်ကို ရုံအော့်ကို ဘာမဆို အဆင်ပြေအောင် ကူညီပေး ပါ့မယ်” လို့ တိုးတိုးလေး နုညံ့ ညင်သာစွာ ပြောလိုက်တယ်။
ဟွမ်ရုံက မျက်ရည်တွေကို သုတ်လိုက်ပြီး အားတင်းရင်း “အစ်ကိုကျင်း… ရုံအာ တောင်းပန်ပါတယ်။ ရုံအာ အစ်ကို့ကို အရွဲ့တိုက်မိတာတွေ ရှိတယ်…” လို့ ဖွင့်ဟမိ လိုက်တယ်။ “အစ်ကိုကျင်း တစ်နှစ်ကျော် ရုံအာကို ပစ်ထားတော့ ရုံအာ သိပ်အထီးကျန်ခဲ့တာ… ရုံအာ…”
ဟွမ်ရုံ ဘယ်လိုဆက်ပြောရမှန်း စကားစ ရှာမရတော့ဘဲ ဝမ်းနည်း ပက်လက် နဲ့ ကောကျင့် ကို ဖက်ကာ ငိုချလိုက်မိတော့တယ်။
“ကောင်းပါပြီ… တိတ်တော့နော် ရုံအာ။ ပြောရခက်ရင် အစ်ကို မမေးတော့ဘူး။ ရုံအာ ဘာကြောင့် စိတ်ညစ်နေလဲ မသိပေမဲ့ ငယ်ငယ် က ဒီနှင်းရုပ်တွေကို မြင်ရင် ရုံအာ စိတ်ကြည်လင်လာပြီး အစ်ကို့ကို ခွင့်လွှတ်နိုင်မလားလို့ မျှော်လင့်မိတယ်။ ကိုယ့်စိတ်ထဲမှာ ညီမ တစ်ယောက် ပဲ ရှိတာပါ”
ကောကျင့် က သက်ပြင်းတစ်ချက်ချရင်း မိုးကုပ်စက်ဝိုင်း ဆီကို လှမ်းကြည့် လိုက်ပြီး ထွက်ရခက်နေတဲ့ ဟွမ်ရုံရဲ့ စကားစကို ဖြတ်ရင်း ဆက်ပြော လိုက်တယ်။
“အခုတော့… မွန်ဂိုခေါင်းဆောင် ဂျင်းဂစ်ခန်က မြင်းပေါ်က ပြုတ်ကျတဲ့ ဒဏ်ရာ နဲ့ အပြင်းဖျားနေပြီး သေအံ့မူးမူး ဖြစ်နေပြီ ကြားတယ်။ မွန်ဂိုတွေရဲ့ ဓလေ့အရ မွန်ဂိုခန် ကွယ်လွန်ရင် အရိုက်အရာ ဆက်ခံမယ့်သူ ရွေးဖို့ ‘ကူရင်လ်တိုင်း’ လို့ ခေါ်တဲ့ မျိုးနွယ်စု ညီလာခံ ကျင်းပကြလိမ့်မယ်။ စစ်မြေပြင်က မင်းသား တွေနဲ့ စစ်ဗိုလ်ချုပ်တွေအားလုံး မွန်ဂိုလီးယား မြို့တော်ကို မဖြစ်မနေ ပြန်ကြရမှာ။ ဒါကြောင့် မကြာခင်ပဲ သူတို့ စစ်ပွဲတွေ ရပ်ဆိုင်းပြီး နောက်ကြောင်းပြန် ဆုတ်ခွာသွား ကြတော့မယ်။”
ကောကျင့်က ဟွမ်ရုံကို စိုက်ကြည့်ရင်း အလေးအနက် ကတိပေး လိုက်တယ်။
“ဂျင်းဂစ်ခန်က အစ်ကို ကို တွေ့ချင်နေတယ် လို့လည်း သတင်းစကား ကြားရတယ်။ ကျေးဇူးတရား နဲ့ သံယောဇဉ် အရ အကို သူ့ကို သွားတွေ့မယ် ရုံအာ။ သွားပြီးတော့… ဂျင် ဘက် လှည့်ထားတဲ့ စစ်မြှား က ကိုယ်တို့ ဆုန်းပြည် ဘက် မလှည့်ဖို့ ဖျောင်းဖျရမယ်။ ဖြစ်နိုင်ယင် ဒီအဓိပ္ပာယ်မဲ့တဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တိုက်တွန်းမယ်။ အစ်ကို့ရဲ့ သွေးသောက် ညီအစ်ကို အန်ဒါတိုးလွေ က မွန်ဂိုတွေရဲ့ အိုချီဂင် (အဖေဖြစ်သူရဲ့ မူလပိုင်နက်မြေ၊ အိုးအိမ်နဲ့ အမွေအနှစ်အားလုံးကို အငယ်ဆုံးသား က ဆက်ခံရတဲ့) ဓလေ့ အရ ယာယီ အာဏာ ထိန်းထားမှာ ဆိုတော့ အစစ အဆင်ပြေမှာပါ။”
“အဲ့ဒီနောက်မှာတော့… ကိုယ်တို့ မက်မွန်ကျွန်းကို ပြန်ကြမယ်။ သိုင်းလောက ရန်ပွဲတွေ၊ စစ်မီးတွေကို ကျောခိုင်းပြီး ရုံအာနဲ့ အတူတူ၊ ကိုယ်တို့ သားသမီးလေး တွေနဲ့အတူ အချိန်တွေကို အေးအေးချမ်းချမ်း ကုန်လွန်စေရမယ်လို့ အစ်ကို ကတိပေးပါတယ်။”