
ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု
အပိုင်း (20)
အခန်း (၆-၁) အကျင့်ယုတ်တဲ့ လူဝမ်ဒီ ဟွမ်ရုံ ကောင်စီခန်းမထဲသို့ လှမ်းဝင်လိုက်တာနဲ့ တပြိုင်နက် ခန်းမအလယ်မှာ ထိုင်နေတဲ့ သူမခင်ပွန်း ကောကျင့် ကို တွေ့လိုက်ရတယ်။
အပြာစာအုပ်ရှည်
အပိုင်း (20)
အခန်း (၆-၁) အကျင့်ယုတ်တဲ့ လူဝမ်ဒီ ဟွမ်ရုံ ကောင်စီခန်းမထဲသို့ လှမ်းဝင်လိုက်တာနဲ့ တပြိုင်နက် ခန်းမအလယ်မှာ ထိုင်နေတဲ့ သူမခင်ပွန်း ကောကျင့် ကို တွေ့လိုက်ရတယ်။
အပြာစာအုပ်ရှည်အခန်း (၆-၁) အကျင့်ယုတ်တဲ့ လူဝမ်ဒီ
ဟွမ်ရုံ ကောင်စီခန်းမထဲသို့ လှမ်းဝင်လိုက်တာနဲ့ တပြိုင်နက် ခန်းမအလယ်မှာ ထိုင်နေတဲ့ သူမခင်ပွန်း ကောကျင့် ကို တွေ့လိုက်ရတယ်။ သူ့ဘေးမှာ ခံတပ်တပ်မှူး ဝမ်ကျန့်နှင့် စစ်ဗိုလ်ချုပ်များ၊ ရဲစွမ်းသတ္တိရှိသော သူရဲကောင်းများ ဝိုင်းရံလျက် ရှိနေကြတယ်။ ကော်ကျင့်ရဲ့ လက်ဝဲဘက်တွင်မူ "ချင်းရွှမ်း အမြွှာသူရဲကောင်း" ထဲမှ တစ်ဦးဖြစ်သည့် လုရွှန် ထိုင်နေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူ့ဇနီး လျိုချင်ချင် ကတော့ သူ့နံဘေးမှာ ရှိမနေခဲ့ပေ။
‘သူမ က လူဝမ်ဒီရဲ့ အိပ်ယာပေါ်မှာ အိပ်ကောင်းနေတုန်း ထင်တယ်’ ဟု ဟွမ်ရုံ တွေးလိုက်မိပြီး စိတ်ထဲတွင် မနာလိုလုံး စို့သွားတယ်။
လူတိုင်းကို နှုတ်ဆက်ပြီးနောက် သူတို့ နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များကို ဆွေးနွေးကြ ပါတယ်။ ဟွမ်ရုံ မှာ ယနေ့တွင် စိတ်မပါ့တပါ ဖြစ်နေပြီး စကားလည်း အများကြီးမပြောဘဲ အခြားသူများ ပြောတဲ့ အစီအစဉ်များကိုသာ နားထောင်နေခဲ့တယ်။ သို့သော် စိတ်ထဲမှာတော့ ဘာတစ်ခုမှ သေချာမမှတ်မိပေ။
စကားစပ်မိသည့် အခိုက်အတန့်တွင် ဟွမ်ရုံက လုရွှန်အား “အစ်ကိုလု... မမလျိုရော ဘယ်ရောက်နေလဲဟင်၊ ဒီနေ့ လိုက် မလာဘူးလား။” လို့ ပေါ့ပေါ့ပါးပါးဟန် နဲ့ မေးလိုက်တယ်။
လုရွှန်သည် ဟွမ်ရုံဖက်ကို လှည့်ကြည့်လိုက်ရာက သူ့မျက်နှာမှာ အနည်းငယ် ရဲတက်သွားတယ်။ ဟွမ်ရုံ ရဲ့ အလှတရားက ဘယ်ယောက်ျား ကိုမဆို ရင်ခုန်သွားစေနိုင်စွမ်းရှိပြီး လုရွှန် သည်လည်း ခြွင်းချက် မဟုတ်ပေ။ ဟွမ်ရုံကို မြင်ရသည့် အကြိမ်တိုင်း သူ့နှလုံးခုန်သံများ မြန်ဆန် လာနေကျပါ။
“အာ... သူလား၊ သူက မကြာသေးခင်က သခင်ကြီးလူရဲ့ ကိုယ်လုပ်တော်တွေနဲ့ ခဏခဏ သွားလည်နေတာ။ မနေ့ညကတော့ ကျွန်တော် စစ်စခန်းမှာပဲ လူတွေနဲ့ စကားပြောရင်း အိပ်လိုက်လို့ အိမ်မပြန်ဖြစ်တော့ သူက သူ့အမတွေဆီ သွားလည်တယ်။” လို့ ပြောရင်း ဇနီးကို သတိရသွားဟန်နဲ့ ပြုံးလိုက်တယ်။
ဟွမ်ရုံက "ဪ..." ဟုသာ ရေရွတ်လိုက်သော်လည်း စိတ်ထဲတွင်မူ ‘ရှင့်ဇနီးက အဲဒီအကျင့်ပျက်ခြစားတဲ့ အရာရှိကြီးနဲ့ တစ်ညလုံး အတူအိပ်နေခဲ့တာကို၊ ရှင်ကတော့ အခုထိ သစ္စာရှိနေတုန်းပဲ လို့ ထင်နေတာလား’ ဟု တွေးလိုက်မိတယ်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ‘သူမကိုယ်တိုင်သည်လည်း ထိုနည်းနှင်နှင် ဖြစ်နေတာ မဟုတ်လား၊ တကယ်ဆို သူမ က လျိုချင်ချင် ထက်ပင် ပိုဆိုးပါသေးတယ်။ လူဝမ်ဒီ့အပြင် သူမတွင် ဟိုစန်းပါ ရှိပြီး နှစ်ယောက်လုံးနဲ့ အိပ်နေမိတာ’ လို့ သူမကိုယ်သူမ ပြန်လည်သတိရသွားပြီး သက်ပြင်းချမိပါတော့တယ်။
လူတိုင်း ဆွေးနွေးလို့ ပြီးခါနီး အချိန်လောက်ကျမှ လူဝမ်ဒီက လျိုချင်ချင် ကို ခေါ်ပြီး ခန်းမထဲကို အေးအေးလူလူ လမ်းလျှောက်ဝင် လာခဲ့တယ်။ အခုအချိန်မှာတော့ လျိုချင်ချင် က သူမရဲ့ ခပ်တန်းတန်း မျက်နှာပေးကို ပြန်လည်ထိန်းသိမ်းထားပြီး ဘာအမူအရာမှမပြဘဲ လူဝမ်ဒီရဲ့နောက်ကနေ ကောင်စီခန်းမထဲကို လိုက်ဝင်လာခဲ့ပါတယ်။ ပြီးတော့ သူမက ခင်ပွန်းဖြစ်သူ လူရွှမ်းရဲ့ ဘေးနားကို ဟန်မပျက် လျှောက်သွားလိုက်တယ်။ ကြင်စဦး ဇနီးမောင်နှံ ဖြစ်တဲ့အတိုင်း လူရွှမ်းက သူ့ဇနီးရဲ့လက်ကို ဆုပ်ကိုင်ပြီး အကြင်နာ စကားတွေကို တိုးတိုး၊ တိုးတိုး နဲ့ ပြောနေပြီး လျိုချင်းချင်းကတော့ နူးညံ့တဲ့ အပြုံးလေးတစ်ခုနဲ့ အသာအယာ တုံ့ပြန်ခဲ့တယ်။
ဟွမ်ရုံ တစ်ယောက် လျိုချင်ချင်ရဲ့ သရုပ်ဆောင် စွမ်းရည်ကို စိတ်ထဲမှာ အရမ်း လေးစားမိသွားတယ်။ အဲဒီနောက် သူမက လူဝမ်ဒီ ဖက်ကို လှမ်းကြည့်လိုက်မိတော့ လူဝမ်ဒီ က အရိပ်အကဲ တစ်ချက်ကြည့်ပြီး ဘယ်သူမှ သတိမထားမိတဲ့ အချိန်မှာ သူမကို နှာဘူးကျတဲ့ အပြုံးနဲ့ ကြည့်လိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြ လိုက်လေရဲ့။ ဟွမ်ရုံက သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီး ချက်ချင်း မျက်နှာလွှဲပစ်လိုက်တယ်။
ခဏလောက် ဆက်လက်ဆွေးနွေးပြီးတဲ့နောက်မှာတော့ အားလုံး လူစုခွဲ လိုက်ကြတယ်။ ကောကျင့်နဲ့ ဝမ်ကျန့် တို့က သူတို့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အဖွဲ့ကိုဦးဆောင်ပြီး မြို့ရိုးဆီကို ထွက်ခွာသွားကြပြီး လူရွှမ်းနဲ့ သူ့ဇနီးကလည်း သဘာဝကျကျပဲ နောက်ကနေ လိုက်သွားကြတယ်။ စိတ်ရှုပ်ထွေးနေတဲ့ ဟွမ်ရုံကတော့ လိုက်မသွားချင်တာနဲ့ အကြောင်းပြချက်တစ်ခုပေးပြီး ကျန်နေခဲ့ လိုက်တယ်။ ကောကျင့်ကတော့ ဘာမှ ရိပ်မိဟန်မရှိဘဲ မေးခွန်း အနည်းငယ် မေးမြန်းပြီးနောက် အလောတကြီး ထွက်ခွာသွား ခဲ့တော့တယ်။
ဟွမ်ရုံတစ်ယောက် ခြံဝင်းထဲမှာ ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက် နေမိတယ်။ ဒီကောင်စီခန်းမဟာ မူလကတည်းက ရှန်းယန်မြို့ ရဲ့ အကြီးဆုံး အစိုးရရုံးဖြစ်ပြီး အခုတော့ စစ်အခြေစိုက်ရုံး အဖြစ် ပြောင်းလဲထားတာ ဖြစ်တယ်။ အယင်တုန်းက လူဝမ်ဒီက ဒီနေရာမှာ အလုပ်လုပ်ပြီး အမှုအခင်းတွေကို စီရင်လေ့ရှိတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဘယ်တုန်းကမှ အမှုမစီရင်ခဲ့ဖူးပါဘူး၊ သူ့ရဲ့ လက်အောက် ငယ်သားတွေကပဲ အကုန်လုံးကို ကိုင်တွယ်ဖြေရှင်း ခဲ့ကြတာပါ။ ဒါကြောင့် ဒီနေရာဟာ များသောအားဖြင့် လူဝမ်ဒီ အနားယူပြီး ပျော်ပါးတဲ့နေရာ ဖြစ်နေခဲ့တယ်။ ဒါ့ကြောင့်လည်း ဒီခြံဝင်းကို အလွန်အဆင့်အတန်းရှိတဲ့ စတိုင်လ်နဲ့ အလှဆင်ထား ပါတယ်။
ဇရပ်ထဲမှာ ထိုင်ရင်း ဟွမ်ရုံက ရေကန်ထဲက ငါးလေးတွေကို ငေးကြည့်ရင်း အတွေးထဲမှာ နစ်မြုပ်နေမိတယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ နောက်ကနေ ဖြည်းဖြည်းချင်း ချဉ်းကပ်လာတဲ့ ခြေသံတွေ ထွက်ပေါ်လာခဲ့တယ်။ ဟွမ်ရုံကတော့ လှည့်မကြည့်ပေမဲ့ ဘယ်သူလဲ ဆိုတာ သိနေခဲ့ပါတယ်။
“မဒမ်ဂေါ်... တကယ့်ကို ကျော့ရှင်းလှပပါပေတယ်။ ငါးတွေ ငေးကြည့်ရင်း အပန်းဖြေနေတာလားဗျာ”
လူဝမ်ဒီရဲ့ ရာဂစိတ်ကြွနေတဲ့ အသံကြီး ထွက်ပေါ်လာခဲ့တယ်။ ဟွမ်ရုံ မျက်မှောင်ကုတ်သွားပြီး အေးစက်စက် နှာခေါင်းရှုံ့ရင်း “သိက္ခာရှိတဲ့ ခံတပ်တပ်မှူးတစ်ယောက်က မြို့ကာကွယ်ရေးကို သွားရောက်စစ်ဆေး ရမယ့်အစား ဘာလို့ ဒီမှာနေပြီး အေးအေးလူလူ အပန်းဖြေ နေရတာလဲ” လို့ ပြောလိုက်တယ်။
လူဝမ်ဒီက တခိခိရယ်မောရင်း ဟွမ်ရုံရဲ့ အနားကို လျှောက်လာပြီး “ကျွန်တော် မဒမ်ဂေါ် ကို လွမ်းနေတာပါ။ မဒမ်ကသာ ကျွန်တော့်ကို ရှောင်နေတာလေ။ ကျွန်တော်များ တစ်ခုခု မှားယွင်းစော်ကားမိပြီး စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လား မသိဘူးခင်ဗျာ” လို့ ပြန်ပြော လိုက်တယ်။
အလိမ်အညာတွေကို အသေအချာသိနေပြီးသား မလို့ ဝဖြိုးပြီး ရမ္မက်ဆန္ဒအပြည့်ရှိတဲ့ မျက်နှာပေးနဲ့ လူဝမ်ဒီကို မျက်မှောင်ကုတ်ကာ စိမ်းစိမ်းဝါးဝါး တစ်ချက် စောင်းကြည့်ရင်း ဟွမ်ရုံက နှာခေါင်းရှုံ့ လိုက်မိတယ်။ ‘ဘယ်လို စိတ်ရူးပေါက်င်္ပြီး အဲ့ဒီနေ့က သူနဲ့ လွန်လွန်ကျူးကျူး ဖြစ်သွားပါလိမ့်’ လို့ တွေးရင်း “ရှင်က ကျွန်မကို လွမ်းနေတာ၊ ဟုတ်ရဲ့လား။ ရှင့်ကြည့်ရတာ တခြားကိစ္စ တွေနဲ့ အလုပ်ရှုပ်နေလို့ ကျွန်မကို သတိရဖို့တောင် အချိန်ရှိ မထင်ပါဘူး” လို့ စကားနာထိုး သလိုမျိုး ရွဲ့ပြောလိုက်တယ်။
လူဝမ်ဒီ က ဆတ်ခနဲ အံ့အားသင့်သွားပြီးမှ အမှားတစ်ခုကို သတိရ သွားသလို မျက်ခုံးပင့်လိုက်တယ်။ “ဟုတ်ပါရဲ့... ဒီရက်ပိုင်း မြို့စောင့်တပ်ရဲ့ စစ်စရိတ်အရေးတွေနဲ့ လုံးပန်းနေရလို့ ငါ့မိန်းမကို ဂရုမစိုက်မိတာ။ ဒါကြောင့်မို့ မိန်းမ က ကိုယ့်ကို စိတ်ကောက် မျက်စောင်းထိုး နေတာလား” လို့ ရွှေပြည်အေး စကားဆိုရင်း ရယ်ကျဲကျဲနဲ့ ဟွမ်ရုံရဲ့ ပုခုံးထက်သို့ ပိုင်စိုးပိုင်နင်း လက်လှမ်းပြီး ဖက် လိုက်ပါတယ်။
ဒါပေမဲ့ ဟွမ်ရုံက သူ့အလိုကျ အဖြစ်မခံပါဘူး။ သူမက မတ်တပ်ရပ်ပြီး ဘေးဘက်ကို လှမ်း ရှောင်လိုက်ရင်း တုံးတိတိ လေသံနဲ့ “ဟုတ်လို့လား၊ ရှင့်ကြည့်ရတာ တခြားမိန်းမတွေနဲ့ ပျော်ပါးဖို့ပဲ အလုပ်ရှုပ်နေတာ နေမှာပါ” လို့ ပြောလိုက်ပါတော့တယ်။
လူဝမ်ဒီ က ခဏတာ မှင်သက်သွားပြီး နောက် လက်ခုပ်လက်ဝါး တီးရင်း ရယ်မောလိုက်သည်။ “အလွန်နာမည်ကြီးတဲ့ အမျိုးသမီး ဗျူဟာမှူး လို့ မပြောရဘူး၊ မဒမ်က ကျွန်တော့် အကွက်တွေ အကုန်ရိပ်မိနေတာပဲ။ ပြောရယင် ဒီကိစ္စ ကျွန်တော်က စခဲ့တာ မဟုတ်ရပါဘူး၊ လျိုချင်ချင်က ကျွန်တော့်ဆီ ချဉ်းကပ်လာတာပါ။ ရက်အနည်းငယ်က သူမ ကျွန်တော့်ဆီလာပြီး သူမနဲ့ သူ့ယောက်ျား ဒီကို ထွက်မလာခင် ခံတပ်ထဲမှာ တစ်ယောက်ယောက်ကို သတ်ခဲ့မိတဲ့ အကြောင်း၊ ပြီးတော့ အဲဒီလူက အရာရှိတစ်ယောက် ဖြစ်တဲ့အတွက် ပုန်းအောင်းဖို့ ရှမ်းယန်ခံတပ်ကို ထွက်ပြေးလာကြကြောင်း၊ အခု သူတို့ ပြန်ချင်ပေမဲ့ အစိုးရက သူတို့အတွက် ခက်ခဲအောင် လုပ်မှာကို စိုးရိမ်ကြောင်းတွေ ပြောပြီး ကျွန်တော့် ကို အကူအညီ လာတောင်းရာက စခဲ့တာပါ။”
“မဒမ် သိတဲ့အတိုင်း ကျွန်တော်က ဖြောင့်မတ်ပြီး ရိုးသားတဲ့ အရာရှိ တစ်ယောက် ဆိုတော့ ကိုယ်ကျိုးအတွက် ဥပဒေကို ချိုးဖောက်လို့ မရဘူးဆိုတာ ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမဲ့ လျိုချင်ချင်က အရက်သောက်ပြီးတဲ့နောက် ကျွန်တော့်ကို ဖြားယောင်း သွေးဆောင်ခဲ့တယ်၊ ကျွန်တော်လည်း မူးနေတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး၊ ဒါကြောင့်… ဒီကိစ္စ ဖြစ်သွားပြီး… နောက်ပိုင်းမှာ တာဝန်ယူတတ်တဲ့ ကျွန်တော့်လို အရာရှိကောင်း တစ်ယောက်အနေနဲ့ သူတို့ ပြဿနာ မဖြစ်ရအောင် လိုက်ကူညီ ပေးရုံကလွဲလို့ တခြား နည်းလမ်း မရှိဘူး ဖြစ်သွားတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီကိစ္စလေးတွေနဲ့ အလုပ်ရှုပ်နေခဲ့တာ။ ဒီကိစ္စ မပြီးမချင်း လျိုချင်ချင်က ကျွန်တော့်ကို နေ့တိုင်း လာနှောင့်ယှက် နေတော့တာပါပဲ။ ကျွန်တော် သူမနဲ့ ဇာတ်လမ်းကို ရှေ့မဆက် ချင်ပေမယ့်…” လူဝမ်ဒီ ရဲ့ ပြောလက်စ စကားက ဟွမ်ရုံ ရဲ့ ရယ်သံကြောင့် ရပ်သွားတယ်။
ဟွမ်ရုံက လှောင်ပြုံးသံ စွက်ရင်း “ရှင်က မဒမ်လုနဲ့ ဆက်ဆံရေးကို ရှေ့မဆက်ချင်ဘူး၊ ဟုတ်လား၊ ငါတော့ မထင်ပါဘူး။ ရှင့် ကြည့်ရတာ အတော်လေး ပျော်နေပုံရပါတယ်” လို့ ပြောချလိုက်တယ်။ ပြီးမှ သူမ စကားလွန်သွားမှန်း ချက်ချင်းရိပ်မိသွားပြီး မျက်နှာပျက်သွားတာကို ဖုံးကွယ်ဖို့ အခြားတစ်ဖက်သို့ အမြန်လှည့်လိုက်တယ်။
လူဝမ်ဒီ က ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် လူလည်ပုံစံမျိုး ပြုံးလိုက်ကာ “အို... ဒါဆိုရင် မဒမ်က ကျွန်တော့်ဆီကို တိတ်တိတ်လေး တွေ့ဖို့လာခဲ့သေးတာပေါ့။ ဟောဗျာ... ကျွန်တော့် ရင်ထဲ တကယ့်ကို နွေးထွေးသွားရပါတယ်။ မဒမ်က ကျွန်တော့်ကို ဂရုမစိုက်တော့ဘူးအမှတ်နဲ့ ဝမ်းနည်းနေခဲ့တာ.. တကယ်တော့ မဒမ်က ကျွန်တော့်ကို သတိရနေသေးတာပဲပဲ” လို့ ရွှေပြည်အေးစကား ဆိုလိုက်တယ်။
ဟွမ်ရုံ က မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး “လျှောက်ပြောမနေနဲ့။ ခုနက ‘ဒါပေမဲ့’ ဆိုပြီး ဘာပြောမလို့လဲ” လို့ မေးလိုက်တယ်။
လူဝမ်ဒီက “ဒါပေမဲ့ ဒီ မဒမ်လုရဲ့ အိပ်ရာပေါ်က အစွမ်းတွေက တကယ်ကို အံ့မခန်းပဲဗျာ၊ ကျွန်တော်လည်း လုံးဝ မအောင့်အီး နိုင်ဘူး၊ ဟီး ဟီး” လို့ တဏှာရာဂတွေ ထကြွသောင်းကျန်းနေတဲ့ အသံကြီးနဲ့ ပြောလိုက်မိတယ်။ ပြီးမှ ဟွန်ရုံကို ချော့မော့ဟန်နဲ့ “ဒါပေမဲ့ မဒမ်ဂေါ်သာ ကျွန်တော့်ကို တခြားမိန်းမနဲ့ အတူရှိနေတာမျိုး မကြိုက်ဘူးဆိုရင်၊ ကျွန်တော် သူမကို ဘယ်တော့မှ ထပ်မထိ တော့ဘူး၊ ဒါပေမဲ့ မဒမ်ကတော့ ကျွန်တော့်အနားမှာ အမြဲ နေပေးပါနော်” လို့ ပြောရင်း ဟွမ်ရုံကို ထပ်မံပွေ့ဖက်ရန် ရှေ့သို့ တိုးသွားလိုက်တယ်။
ဒီတစ်ခါတော့ ဟွမ်ရုံက ရှောင်မထွက်တော့ဘဲ သူ့ကို နောက်ကနေ ပွေ့ဖက်ခွင့်ပေးလိုက်ပြီး “ရှင် ပြောချင်တာက... သူက ကျွန်မထက် ပိုသာတယ်ပေါ့၊ ဟုတ်လား” လို့ မေးလိုက်တယ်။
လူဝမ်ဒီက ဟွမ်ရုံရဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း မျက်လုံးအစုံကို မှိတ်ကာ ဝေးကွာနေခဲ့တဲ့ ဒီရက်ပိုင်းအတွင်း သူ နေ့ရောညပါ တမ်းတခဲ့ရတဲ့ ခန္ဓာကိုယ်ရဲ့ အထိအတွေ့ကို ပြန်လည် အရသာခံ လိုက်တယ်။ ဒါက သူ အစဉ်အမြဲ တောင့်တခဲ့တဲ့ အမျိုးသမီးပါ၊ သူပြုမူ ပြောဆိုသမျှ အစစအရာက ဒီ အမျိုးသမီးကို လုံးဝဥဿုံ သိမ်းပိုက်နိုင်ဖို့ အတွက်ပါပဲ။
ဟွမ်ရုံရဲ့ ဆံကေသာရနံ့ကို နမ်းရှိုက်ရင်း ရမ္မက်ဆင်ရိုင်းများ မထိန်းနိုင် မသိမ်းနိုင် ဖြစ်လာပြီး သူ့ ခန္ဓာကိုယ်အောက်ပိုင်းက ထကြွ မာကျောကာ သူမရဲ့ တင်ပါးတွေကို ဖိကပ်ထားမိပြီး “ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်ပိုင်း မှာတော့ အဲဒီ လျူချင်ချင် က မဒမ်ရဲ့ တစ်သောင်းပုံတစ်ပုံတောင်မက၊ အဝေးကြီး လိုပါသေးတယ်၊ ဒါပေမဲ့ အိပ်ရာပေါ်က စွမ်းဆောင်ရည် နဲ့ ယောကျာ်းတွေကို အလိုလိုက် အကြိုက်ဆောင်တတ်တဲ့ အတတ်ပညာမှာတော့ မဒမ်က သူမထက် နည်းနည်း နိမ့်ကျတယ်ဗျာ” ဟု ပြောရင်း သူ့ရဲ့ လက်ဖဝါးကြီးက ဟွမ်ရုံရဲ့ရင်သားတွေဆီ ဖြည်းညှင်းစွာ ရွေ့လျား သွားခဲ့ပါတယ်။
ဟွမ်ရုံက သူ့လက်တွေကို ဖမ်းဆုပ်ကိုင် ထားလိုက်တယ်၊ သူမရဲ့ တင်ပါးတွေ နောက်က မာကျောတဲ့ အထိအတွေ့က သူမရဲ့ ရမ္မက်စိတ်တွေကို တကယ်ပဲ နှိုးဆွပေးနိုင်ပါတယ်။ “အိပ်ယာထဲမှာ သူက ဘာတွေ စွမ်းဆောင်ရည် ကောင်းပြီး ဘယ်လို ကျွမ်းကျင်တာလဲ၊ ပြောပါဦး” လို့ ပြောလိုက်တယ်။
လူဝမ်ဒီက ဟွမ်ရုံ စိတ်ပိုကြွလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အိပ်ခန်းထဲက အကြောင်းတွေကို တစ်တစ်ခွခွနဲ့ ခရေစေ့တွင်းကျ ပြောပြလိုက်ပါတယ်။ ဟွမ်ရုံက သူပြောတဲ့စကားရဲ့ တစ်ဝက်ကျော်က မှားယွင်းနေတာ သိပေမယ့် သူမ ဂရုမစိုက်ပါဘူး။ အခုအချိန်မှာ စပ်စုလိုစိတ် ယှဉ်ပြိုင်လိုစိတ်ကသာ သူမကို ကြီးစိုးနေပြီး သူမဟာ တခြား အမျိုးသမီးတွေထက် နိမ့်ကျတယ်လို့ ဘယ်လိုမှ မယုံကြည်နိုင် ဖြစ်နေပါတယ်။ သူမက လူဝမ်ဒီ ပြောတဲ့ လျူချင်ချင်က သူ့ကို ဘယ်လိုသွေးဆောင်ခဲ့တာ၊ သူမ ဘယ်လို ပြုစုယုယတာ၊ အိပ်ရာထဲမှာ ဘယ်လောက်ထိ သောင်းကျန်းတာ၊ ပုံစံအမျိုးမျိုး၊ အနေအထား အမျိုးမျိုး၊ နည်းလမ်း အမျိုးမျိုး သုံးတာတွေကို နားထောင်ရင်း ‘သူ ပြောပြဖို့ တစ်ခုကျန်နေပုံ ရတယ်’ လို့ တွေးမိလိုက်တယ်။
အဲဒါနဲ့ “သူ... ပါးစပ်ကို သုံးပြီး... အဲဒီနေ့က မင်းကို စုပ်ပေးနေတာ ငါမြင်လိုက်တယ်…” လို့ မသိစိတ်ကနေ ဟွမ်ရုံက တိုးတိုးလေး ပြောပြီးမှ မျက်နှာ နီရဲတက် သွားတယ်။