← နောက်သို့
ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု

ဟွမ်ရုံရဲ့ အသွင်ပြောင်းလဲမှု

အပိုင်း (7)

2026-09-3013K

အခန်း (၂-၂) အော်ပရာကြည့်ဖို့ ကမ်းလှမ်းလာတဲ့ လူဝမ်ဒီ ဒီနေ့ ဖန်းယာ အော်ပရာ ဇာတ်ရုံ သီးသန့်ခန်းကို ရောက်တဲ့အခါ ပြောင်းလဲမှုတချို့ကို ဟွမ်ရုံ သတိထားမိ လိုက်တယ်။

အပြာစာအုပ်ရှည်

အခန်း (၂-၂) အော်ပရာကြည့်ဖို့ ကမ်းလှမ်းလာတဲ့ လူဝမ်ဒီ

ဒီနေ့ ဖန်းယာ အော်ပရာ ဇာတ်ရုံ သီးသန့်ခန်းကို ရောက်တဲ့အခါ ပြောင်းလဲမှုတချို့ကို ဟွမ်ရုံ သတိထားမိ လိုက်တယ်။ စားပွဲရဲ့ တစ်ဖက်တစ်ချက် မှာ ရှိနေရမည့် ညောင်စောင်း နှစ်ခု ကို ဘေးချင်းယှဉ်ရက် ဆက်ထားပြီး လက်ရန်း တစ်ဖက်စီ ဖြုတ်ထားဆဲမလို့ ကွပ်ပျစ် လို ပုံစံဖြစ်နေပါတယ်။ စားပွဲကိုလည်း စားပွဲရှည်အဖြစ် ပြောင်းလဲထားပါတယ်။

လုဝမ်ဒီက စားပွဲထိုးတစ်ယောက်ကို ခေါ်ပြီး ဘယ်လိုတွေ ဖြစ်နေတာလဲလို့ မေးလိုက်တယ်။ စားပွဲထိုးက “အိုး~~ ဟုတ်ပါရဲ့၊ မနေ့ကလာတဲ့ သူဌေးက ဒီလိုပြင်ဆင်ပေးဖို့ အတင်းအကျပ် တောင်းဆိုခဲ့လို့ အခု ပုံစံဖြစ်နေတာပါ။ ပြန်ပြင်ဖို့ရာ ဒီနေ့ အလုပ်တွေ အရမ်းကျနေလို့ သတိလွတ်သွားတာပါ သခင်ကြီး” လို့ ပြောပါတယ်။ စားပွဲထိုးရဲ့ ကြောက်ရွံ့နေတဲ့ အမူအရာကို မြင်တော့ ဟွမ်ရုံ က လက်ကို ဝှေ့ယမ်းလိုက်ပြီး “ထားလိုက်ပါ သခင်လု၊ ဒီနေ့ ပွဲကို ကြည့်လိုက်ရအောင်၊ သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့တော့” လို့ ပြောလိုက်ပါတယ်။

လုဝမ်ဒီက ဒေါသတကြီးနဲ့ စားပွဲထိုးကို မောင်းထုတ်လိုက်တယ်။ စားပွဲထိုးက တံခါးကို အသာ ပြန်ပိတ်ပေးပြီး အောက်ထပ်ကို ဆင်းသွားတယ်။ အောက်ထပ်မှာ လုဝမ်ဒီရဲ့ အစေခံက နှစ်ပြားတန် ငွေတုံးတစ်တုံး လက်ထဲ ထည့် ပေးလိုက်တယ်။

ဟွမ်ရုံဟာ ပြဇာတ် ဖျော်ဖြေနေတာကို စိတ်ဝင်တစား နဲ့ အာရုံရောက်နေပြီး နှစ်ယောက် ကြားမှာ ဘာ အဆီးအတား မှ မရှိဘဲ တွဲနိုင်နေတာ ခေါင်းထဲ မရှိတော့ပါဘူး။ ယနေ့ပြဇာတ်က ဇာတ်ထုပ်သစ် ဖြစ်ပုံရပြီး အနည်းငယ် ဒွိဟဖြစ်ဝယ် ဇာတ်ကြောင်း ကို ပုံဖော်ထားပါတယ်။ ခင်ပွန်းသည် စစ်တပ်ထဲဝင်သွားလို့ ဇနီးသည် အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ လူငယ်စုံတွဲတစ်တွဲအကြောင်း ဖြစ်ပါတယ်။ သူမက နေ့တစ်ဒူဝ ကိစ္စတွေမှာ မကြာခဏ ဆိုသလို အိမ်နီးချင်းထံ အကူအညီတောင်း ရလေ့ရှိပြီး အချိန် ကြာလာတာ နဲ့အမျှ ၎င်းတို့ အချင်းချင်း မရိုးသားတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာကာ တိတ်တဆိတ် ဖောက်ပြန်မိခဲ့ကြတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်ထုပ်ပါ။ ဟွမ်ရုံရဲ့ မျက်နှာဟာ နီမြန်းနေပြီး အရာရာဟာ ထူးဆန်းတဲ့ တစုံတရာ ဆီကို ဦးတည်နေတာ ကြိုတင်မြင်ယောင်မိပြီး ရှက်သွေး တဖြန်းဖြန်း၊ ရင်ခုန်သံ တဒိုင်းဒိုင်း ဖြစ်နေပါတယ်။

ရုတ်တရက် ဟွမ်ရုံ ဟာ ​လူဝမ်ဒီရဲ့ ပေါင်က သူမပေါ် ညင်သာစွာ တင်ထားတာကို ခံစားလိုက်ရတယ်။ အဲဒီတော့မှ ဒီနေ့ အခန်း အပြင်အဆင်ကို ပြန်သတိထားမိတယ်။ လူဝမ်ဒီ က သူ့ဖက်ခြမ်းဖက်ကနေ သူမဖက်ခြမ်းဆီ တိုးကပ်ထိုင်နေပြီး ဇာတ်ထဲမှာ အာရုံ အရမ်းရောက်နေလို့ သူတို့ နှစ်ယောက် အလွန်တရာ ရင်းနှီးတဲ့ ပုံစံနဲ့ ထိုင်နေမိတာကို သတိ မထားမိဟန် ပြုမူနေပါတယ်။

“အိုး … ဒီငယ်ရွယ်တဲ့ဇနီးကို ကြည့်ပါဦး မဒမ်ဂေါ်ရယ်၊ သူမခမျာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ။ ငယ်ငယ် ရွယ်ရွယ် နဲ့ အိမ်ထောင်ကျတာမှ မကြာသေးဘူး၊ သူ့ယောက်ျားက စစ်ထဲ ဝင်သွားပြီ။ နှစ်အတော်ကြာ ပျောက်နေတော့မယ်။ သူမက နေ့စဉ် မုဆိုးမတစ်ယောက်လို နေထိုင်နေရရှာတာ မဟုတ်ဘူးလား။ ဒီတော့ အနေနီးတဲ့ ဒီအိမ်နီးချင်းနဲ့ သူမ ဖောက်ပြန်မိတော့မှာပဲ။” လုဝမ်ဒီ က ပြဇာတ်ကို ကြည့်နေရင်း ဟွမ်ရုံ နဲ့ ဇာတ်လမ်းကို ဆွေးနွေးနေလိုက်တယ်။

ဟွမ်ရုံက လှောင်ပြောင်လိုက်ပြီး “ငါတော့မထင်ပါဘူး၊ သူမက သူ့ယောက်ျားကို အရမ်းချစ်တာ၊ ဘယ်လိုလုပ်ပြီး လူသခင် ထင်သလို သူ့ကို သစ္စာဖောက်နိုင်မှာလဲ။”

လုဝမ်ဒီက ဟွမ်ရုံ ကိုတောင် မကြည့်ဘဲ အော်ပရာကိုပဲ ဆက်ကြည့်နေရင်း “မဒမ်ဂေါ်၊ မင်းနားမလည်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ဆိုတာ လုံးဝပုံမှန်ပါပဲ။ ဒီငယ်ရွယ်တဲ့ဇနီးသည်က သူ့ အာသာဆန္ဒတွေ ဖြေဖျောက် နိုင်အောင် အိမ်နီးချင်းနဲ့ ဆက်ဆံရေးရှိမိတာက သူ့ယောက်ျားကို သစ္စာဖောက်တယ်လို့ မဆိုလို ပါဘူး။ သူမက သူ့ကို ချစ်နေတုန်းပဲ ဆိုတာ သေချာပါတယ်။ ဒါက မိန်းမတစ်ယောက်ရဲ့ ဗီဇလိုအပ်ချက်ကို ဖြည့်ဆည်းရုံ ပဲလေ။ သူမက သူ့ခန္ဓာကိုယ် ကို နှစ်သိမ့်ပေးနိုင်မယ့် ယောက်ျား တစ်ယောက်ကို ရှာမိတာ။ အဲဒါမှာ ဘာမှားနေလို့လဲ။ ‘အမျိုးသမီး တစ်ယောက် ရှိရမယ့် မိမိအမျိုးသားအပေါ်မှာသာ အိမ်ထောင်ရေး သစ္စာစောင့်သိမှု’ ဆိုတာ သက်သက် မိန်းမတွေအပေါ် ချည်နှောင်ထားတဲ့ စည်းနှောင်မှုတွေပဲ။ ယောက်ျားတွေကျ ဇနီးသုံးယောက်နဲ့ မယားငယ် လေးယောက် ယူနိုင်ပေမယ့် မိန်းမတွေကျ ယောက်ျားတစ်ယောက်တည်းပဲ ယူလို့ရသတဲ့လား”

ဟွာရုံဟာ လူဝမ်ဒီကို အံ့အားသင့်စွာ ကြည့်လိုက်မိတယ်။ ဒီအစီအစဉ်တွေ အားလုံးဟာ ထူးဆန်းတဲ့ တစုံတရာ ဆီ သူမကို ဦးတည်ကျူံးသွင်း နေမှန်း သိနေသော်လည်း ဝက်တစ်ကောင်လို ဆူဖြိုးပြီး အဂတိလိုက်စားတဲ့ အရာရှိက ဤမျှ ဉာဏ်အလင်း ပွင့်စေသော စကားမျိုး ပြောတတ်လိမ့်မည်လို့ မမျှော်လင့်ထားပေ၊ “ကဲ…ဒါဆို မင်းရဲ့မိန်းမကို အပြင်မှာ တခြားယောက်ျားတွေ အပြင်မှာ ရှာခွင့်ပေးလို့မလား”

လုဝမ်ဒီက သူမဘက် ခေါင်းလှည့်ပြီး ပြုံးကာ “ကျွန်တော့်မိန်းမတွေ ဆန္ဒရှိရင် သွားနိုင်ပေမယ့် ကံမကောင်းစွာပဲ သူတို့ ဘယ်လိုသွားရမှန်း မသိကြဘူး” ဟု ပြောလိုက်တယ်။

ဟွမ်ရုံက အံ့အားသင့်စွာ မေးလိုက်သည် “ဟင် … ဘာလို့လဲ”

လုဝမ်ဒီက ပြုံးဖြဲဖြဲ မျက်နှာထားနဲ့ “ဘာလို့လဲဆိုတော့ သူတို့က ငါ့အပေါ် အမြဲတမ်း အားရကျေနပ်နိုင်ကြလို့ပဲ၊ ပြီးတော့ ငါ့ဆီက သူတို့ရတဲ့ ကျေနပ်နှစ်သိမ့်မှုမျိုး တခြား ဘယ်ယောက်ျားမှ မပေးစွမ်းနိုင်လို့ပဲ။ ဟီးဟီးဟီး။”

ဟွမ်ရုံက ရှက်ရွံ့စွာ မျက်နှာလွှဲရင်း ခေါင်းကို ငုံ့ထားရင်း “ပေါက်ကရတွေ” လို့ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။ သူမ သူ့ကို လျစ်လျူရှုထားလိုက်ပြီး စကားပြောတာ ရပ်လိုက်ပေမယ့် သူမ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာတော့ ကိုယ့်ဆီဦးတည်ချဉ်းကပ်လာနေတဲ့ တချိန်ချိန်မှာ မလွဲမသွေ ကြုံတွေ့ရမယ့် တစုံတရာရဲ့ ခြေသံလေး ကို တိတ်တခိုး မျှော်လင့် နားစွင့်ရင်း ရင်ခုန်သံတွေ အစဉ်မမြဲ စည်းချက်ဝါးချက် ပျက်နေရပါတယ်။

ပြဇာတ်က ဆက်လက်​ဖျော်ဖြေနေပြီး မျှော်လင့်ထားတဲ့အတိုင်း အဆုံးသတ် တွင် အမျိုးသမီးဟာ အိမ်နီးချင်းထံမှာ သူမရဲ့ သန့်စင်တဲ့ အိန္ဒြေသိက္ခာကို ညစ်နွမ်းဆုံးရှုံးခံခဲ့ ရပြီး လူဝမ်ဒီရဲ့ ပေါင်တွေကလည်း ဟွမ်ရုံ နဲ့ ထိပြီး ဖိကပ်ထားရာက ပြန်မခွဲခွာခဲ့ပေ။

ထိုအချိန်မှစ၍ စားပွဲ နှင့် ထိုင်ခုံများ၏ အအခင်းအကျင်းဟာ လူဝမ်ဒီ နှင့် ဟွမ်ရုံ တို့ ပွဲလာကြည့်တိုင်း မပြောင်းမလဲ ညောင်စောင်း နှစ်ခု တဆက်တည်းသာ ရှိနေခဲ့သည်။ ဟွမ်ရုံ ကလည်း ဤအစီအစဉ်ကို ဆိတ်ဆိတ် နေခြင်းဖြင့် သဘောတူခဲ့သည်။ အရာအားလုံးဟာ သူ့ အစီအမံအတိုင်း ကွက်တိဖြစ်နေသောကြောင့် လူဝမ်ဒီ ဟာ သည် သူ့ဘာသာသူ ဘဝင်ခိုက်စွာ ပြုံးလိုက်သည်။

လုဝမ်ဒီက သူအကွက်ရွှေ့တာတွေ မလွဲမချော် ကွက်တိ ဖြစ်နေတယ် လို့ ဘဝင်ခိုက်နေပေမဲ့ တကယ်တော့ သူ့ရဲ့ လှည့်ကွက်လေးတွေကို သူမ မသိအောင် သေသပ်စွာ ဖုံးကွယ်နိုင်ခဲ့တာ မဟုတ်ဘဲ ဟွမ်ရုံ သူ ဆင်တဲ့ ကကြိုး အတိုင်း တမင်တကာ လိုက်ကပေးနေတာ ဆိုတာ သူ မသိခဲ့ဘူး။

ဟွမ်ရုံ ဟာ ​​သူမရဲ့ဘဝကို ပြောင်းလဲချင်ခဲ့တယ်။ ဟိုစန်း ကြောင့် သူမရဲ့ ဖြူစင်မွန်မြတ်မှု ဆုံးရှုံး လိုက်ရပြီးကတည်းက သူမ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်တယ်၊ ဒါပေမဲ့ ဘယ်လိုပြောင်းရမလဲ။ ပြည့်တန်ဆာ တစ်ယောက်လို ယောကျ်ားမရွေး ဘယ်သူမဆိုနဲ့ ကောက်အိပ်လို့မရပါဘူး။ ဒီလောက်အထိ သူမ လက်မခံနိုင်သေးပါဘူး။ ပြီးတော့ လူဝမ်ဒီ ပေါ်လာပြီး သူမ အကြံဥာဏ်တစ်ခု ရလာခဲ့တယ်။ လူဝမ်ဒီ ဟာ အမျိုးသမီးတွေနဲ့ အရမ်းကျွမ်းကျင်ပြီး ရှမ်းယန် မှာရှိတဲ့ အမျိုးသမီးအများစုဟာ သူနဲ့ လွတ်တဲ့သူ သိပ်မရှိဘူး ဆိုပြီး သတင်းတွေ ကြားသိခဲ့ဖူးတယ် - ငယ်ရွယ်တဲ့ဇနီးတွေ၊ မုဆိုးမတွေ၊ ချမ်းသာတဲ့မိသားစုက အမျိုးသမီးတွေ - အားလုံး လိုလိုချင်ချင် သူ့ချစ်သူတွေ ဖြစ်လာကြပါတယ်။ ဒီအချက်က ဟွမ်ရုံ ကို အတော်လေး ဇဝေဇဝါဖြစ်စေခဲ့ပါတယ်။ လူဝမ်ဒီ ရဲ့ စိတ်အားထက်သန်တဲ့ ချဉ်းကပ်မှုတွေကို တွေ့တဲ့အခါ ဟွမ်ရုံ က “သူဘာလုပ်မလဲ ကြည့်ရအောင်” လို့ တွေးလိုက်မိတယ်။ ဟွမ်ရုံ ရဲ့ ကနဦးအစီအစဉ်က တစ်ကြိမ် ညှိုးနွမ်းခဲ့ရတဲ့ သူမရဲ့ အိန္ဒြေသိက္ခာကို သူ့ဆီ ထပ်မံ ဆုံးရှုံးဖို့အထိ မရည်ရွယ်ခဲ့ရိုး အမှန်ပါ။ အပျော်တွဲရုံ၊ ပရောပရည်လုပ် မယ်၊ ကျီစယ်မယ်၊ အလွန်ဆုံး သူမအပေါ် အနည်း နဲ့ အများ အခွင့်အရေးယူတာကို ခွင့်ပြုမယ်၊ ဒီလောက်ပါပဲ။ သူ အရမ်းလွန်ကဲစွာ လက်ရဲဇက်ရဲ လုပ်ရဲရင် သူ့ကို သတ်ပစ်တဲ့ အဆင့်အထိ မလုပ်ပေမဲ့ အနည်းဆုံး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အိပ်ရာက မထနိုင်အောင် သူ့ကို ရိုက်နှက်ထည့်လိုက်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူက ရှမ်းယန် ရဲ့ တပ်မှူးပဲလေ။

လုဝမ်ဒီက သူ့အစီအစဉ်အတိုင်း ဆက်လုပ်ခဲ့ပြီး ဟွမ်ရုံကလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဟွမ်ရုံ၏ မူလက စဉ်းစားထားတဲ့ ခံစစ်စည်း က တဖြည်းဖြည်း အားနည်းကျိုးပေါက် လာပြီး သူမရဲ့ အတွေးအခေါ်တွင် “သဘာ၀ အရ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရုံ” ဆိုတာမျိုး သစ်ဆန်းတဲ့ပြောင်းလဲမှုအချို့ ဖြစ်ပေါ် လာ ခဲ့သည်။ ဒီလိုမျိုး မသိစိတ်က လိုက်ပါ ပြောင်းလဲလာမှုများကြောင့် ဟွမ်ရုံသည် လူဝမ်ဒီ၏ "မရည်ရွယ်ဘဲ" တစတစ ရိုင်းစိုင်းညစ်ညမ်း လာတဲ့ လိင်ပိုင်းဆိုင်ရာ အပြောအဆို၊ အပြုအမူတွေကို ဖြည်းဖြည်းချင်း လက်ခံ လာခဲ့တယ်။

သီးသန့်အခန်းအတွင်းတွင်၊ ဟွမ်ရုံ နှင့် လူဝမ်ဒီတို့ စားပွဲနောက်တွင် ဘေးချင်းယှဉ်ထိုင်ကာ ပြဇာတ်ကိုကြည့်ရင်း လက်ဖက်ရည်သောက်ကာ စကားပြောနေကြတယ်။ သို့သော် လူဝမ်ဒီရဲ့လက်က ဟွမ်ရုံရဲ့ ခါးကို ညင်သာစွာဖက်ထားတယ်။ ဟွမ်ရုံက လုံးဝငြင်းဆန်ခြင်းမရှိဘဲ သူတို့ စကားစမြည်ပြောဆိုကာ ရယ်မောနေကြတယ်။ မသိတဲ့လူဆို သူတို့ကို စုံတွဲတစ်တွဲကဲ့သို့ပင် အထင်မှားလောက်တယ်။

အဲဒီခေတ်က ထိုင်ခုံတွေကို သစ်သားနဲ့လုပ်ထားပြီး ကြာကြာထိုင်ရင် ကျိန်းလာတယ်။ လူဝမ်ဒီ က အရမ်းဝပြီး ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် ရှိတာကြောင့် ရံဖန်ရံခါ ဟွမ်ရုံ က လူဝမ်ဒီ ရဲ့ရင်ခွင်ထဲကို အေးအေးသက်သာ မှီပြီး ဖရဲသီးစေ့စားကာ ပြဇာတ်ကိုကြည့်ကာ လူဝမ်ဒီ ကို သူမရဲ့ခါးမှာ လက်တင်ခိုင်းထားတယ်။

အစပိုင်းမှာတော့ လူဝမ်ဒီ ရဲ့လက်တွေက အရမ်းယဉ်ကျေးပြီး သူ့ခါးပေါ်မှာပဲ တင်ထားခဲ့တယ်။ နောက်တော့ စကားပြောရင်း ဇာတ်ကြည့်ရင်းနဲ့ သူ့ရဲ့ ဝတဲ့လက်တွေက ဟွမ်ရုံ ရဲ့ သွယ်လျတဲ့ခါးသေးသေးလေးကို ပွတ်သပ် ထွေးပွေ့ရင်း တဖြည်းဖြည်း လှုပ်ရှားလာတယ်။ အစပိုင်းမှာတော့ ဘယ်က နေ ညာ ကြင်ကြင်နာနာ ပွတ်သပ်ပေးနေရာက ဟွမ်ရုံ ရဲ့ ရင်သား မြင့်မြင့်တွေရဲ့ အောက်အနားကို ရောက်တဲ့အထိ အပေါ်ကို ဖြည်းဖြည်းချင်း ထိကိုင်လိုက်တယ်။

ဟွမ်ရုံက မသိသလို၊ ဂရုမထားမိသလို ဟန်ဆောင်နေပေမယ့်၊ တကယ်တော့ သူမဟာ အလွန်စိတ်လှုပ်ရှားနေခဲ့တာပါ။ လူဝမ်ဒီက သူမအပေါ် ဒီလိုမျိုး အခွင့်အရေး မယူသင့်ဘူးလို့ သိနေပေမယ့်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာနေတဲ့ ပြင်းပြတဲ့ လှုံ့ဆော်ခံစားချက်တွေကြောင့် မှန်ကန်စွာ မစဉ်းစား နိုင်တော့ပါဘူး၊ ကြောင့်လည်း အာရုံပျံ့လွင့်နေခဲ့ပါတယ်။ သူမ ဝက်တစ်ကောင်လို မုန်းတီးလေ့ရှိတဲ့ ယောက်ျား က သူမရဲ့ခန္ဓာကိုယ်နဲ့ ကစားဖို့ စီစဉ်နေတာ၊ ဒီမတူညီတဲ့ လှုံ့ဆော်မှုမျိုးက ဟွမ်ရုံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီးတဖြန်းဖြန်း ထစေခဲ့ပါတယ်။ သူမ ရင်ခုန်တယ်~~ဟုတ်တယ်~~သူမရင်တွေ အရမ်းကို ခုန်နေရပါတယ်။ ဒီ ယောက်ယက်ခက်နေတဲ့ စိတ်တွေနဲ့အတူ မတူညီတဲ့ စိတ်ခံစားချက် မျိုးစုံက ပေးတဲ့ သာယာမှုလှိုင်းတွေ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက် ရိုက်ခတ် နေတယ်။ သူမစိတ်ထဲမှာ ရင်ဖိုတာ၊ စိုးထိတ်တာ၊ ငြင်းဆန် လိုက်ချင်တာ၊ တစ်ချိန်တည်းမှာ တိတ်တခိုး မျှော်လင့်တာတွေ ပေါင်းစုံ နေပါတယ်။

လူဝမ်ဒီရဲ့လက်က ဟွမ်ရုံရဲ့ရင်ဘတ်ကို ထပ်ကိုင်ဖို့ လှမ်းလိုက်တဲ့အချိန်မှာပဲ ဟွမ်ရုံက သူ့ရဲ့ဝတဲ့လက်ကို ဆွဲဖယ်လိုက်ပြီး သူ့ရင်ခွင်ထဲကနေ ရုန်းထွက် လိုက်ကာ အေးစက်စက်ကြည့်လိုက်တယ်။ “လူသခင်၊ ကိုယ့်ကိုယ် ကိုယ် လေးစားမှုလေးတော့ အနည်းဆုံး ရှိပေးပါ။ ဘယ်လိုတွေ လုပ်နေ တာလဲ"

သူမရဲ့မျက်နှာက အေးစက်နေပေမယ့် သူမရဲ့မျက်လုံးတွေမှာ ရှက်ရွံ့မှု၊ ရင်ဖိုစိုးထိတ်မှု၊ တောင့်တမျှော်လင့်မှုတွေနဲ့ ပြည့်နှက်နေတယ်။ လူဝမ်ဒီ ခဏတာ မှင်သက်သွားပေမဲ့ ချက်ချင်းပဲ ဟွမ်ရုံရဲ့အကြည့်တွေကို အဓိပ္ပါယ်ဖော်နိုင် လိုက်ပြီး သူဆင်ထားတဲ့ အကွက်ကို ဆက်ကလိုက်တယ်။ “မဒမ်ဂေါ်၊ တောင်းပန်ပါတယ်၊ ခင်ဗျားက အရမ်းလှလွန်းတော့ ခင်ဗျားအပေါ် ကျွန်တော့်ရဲ့ လေးစားမှုကို ကျွန်တော် တကယ်မ ထိန်းချုပ်နိုင် ဖြစ်သွားမိတယ်။” သူက ထိုသို့ ပြောရင်း ဟွမ်ရုံ ကို နမ်းဖို့ ကိုင်းညွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့လက်တစ်ဖက်က သူမကို ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲ ထပ်မံ ဆွဲသွင်းဖို့ ကြိုးစားလိုက်တယ်။

ဟွမ်ရုံ က သူ့မျက်နှာကို အတင်းလိုက် နမ်းနေသည့် လူဝမ်ဒီရဲ့ ကြီးမားထူထဲသောနှုတ်ခမ်းများမှ ခေါင်းကိုတိမ်းကာ ရှောင်လိုက် ပြီးတဲ့နောက် ပင့်သက်ရှိုက်လိုက်ရင်း “အာ~ မင်းက စိတ်အနှောင့်အယှက် ဖြစ်အောင် အရမ်းလုပ်တာပဲ~” လို့ ​ပြောလိုက်တယ်။ နောက် ကျွမ်းကျင်စွာနဲ့ လုဝမ်ဒီ၏ရင်ခွင်ကို အလွယ်တကူ တွန်းထုတ်လိုက်ပြီး သူ့ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ ပါးပြင်ပေါ်ပေကျံနေတဲ့ တံတွေး များကို ကျန်လက်တစ်ဖက်ဖြင့် သုတ်လိုက်တယ်။ “ရွံစရာကောင်းလိုက်တာ။ မင်းဒီထက်ပိုလွန်လာယင် သေပြီ မှတ်။”

သူမ ကြမ်းတမ်းစွာ ပြောသော်လည်း သူမ၏ စကားများတွင် လူသတ်မှု ရည်ရွယ်ချက် ကို အရိပ်အယောင်မျှ လူဝမ်ဒီ မတွေ့ရပေ။ ကလူကျီစယ် နေတာနှင့်တောင် ပိုတူနေသေးတယ်။ ဒါပေမဲ့ အရာအားလုံးက ဒီလို အဆင့် အထိတောင် ရောက်လာနေပြီ၊ သူ့အနေနဲ့ ဒီနေ့အဖို့ အလျင်စလို အတင်း ဆက်မတိုး သင့်ကြောင်း အထာနပ်တဲ့ လူဝမ်ဒီ ကောင်းကောင်း သိတယ်။ မည်သို့ပင်ဖြစ်စေ သူ့ အနေနဲ့ ကိုယ်ခံပညာလောကတွင် အလှဆုံး အမျိုးသမီး၏ မျက်နှာကို နမ်းပြီးသွားပြီဖြစ်ပြီး ဒီအောင်မြင်မှု ကိုက သူ့ကို ရက်အတော်ကြာ ကောင်းကောင်း စာမြုံ့ပြန် ကြည်နူးစေနိုင်တယ်။ "ဒီနှိမ့်ချတဲ့ အရာရှိက အဲဒီလို လုပ်ဖို့ သတ္တိမရှိဘူး၊ ဒီနှိမ့်ချတဲ့ အရာရှိက အဲဒီလို လုပ်ဖို့ သတ္တိမရှိဘူး။ ဟဲဟဲ၊ အော်ပရာ ကြည့်ကြရအောင်။” ဟွမ်ရုံ က နှုတ်ခမ်းစွန်းကွေး၍ မျက်လုံးကို အပေါ်သို့ ဝေ့လိုက်ကာ အိန္ဒြေမပျက် အော်ပရာ ကို ဆက်ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ပြဇာတ်ကိုကြည့်နေကြရင်း ဟွမ်ရုံ ရဲ့ လက်သေးသေးလေးကို လူဝမ်ဒီ ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်။ ဟွမ်ရုံ က အကြိမ်အနည်းငယ် ပြန်ဆွဲယူဖို့ ကြိုးစားပေမယ့် လူဝမ်ဒီ က လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အံ့သြစရာကောင်းတာက ဟွမ်ရုံ က လက်ကိုင်တာကိုတော့ သိပ်ငြင်းဆန်မနေတော့ပေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူမကို ထိခိုက်စရာ မရှိဘူးလေ။

ဒီနေ့ ဇာတ်ထုပ် က အက်ရှင် ဇာတ်လမ်း တစ်ခု ဖြစ်ပြီး အတော်လေး ကြည့်ကောင်းပါတယ်။ ဟွမ်ရုံ က ပွဲကြည့်နေရင်းနဲ့ ရုတ်တရက် တစ်ခုခုမှားနေသလို ခံစားလိုက်ရတယ်။ သူမ ခေါင်းလှည့်ကြည့်လိုက်တော့ လူဝမ်ဒီ က သူမရဲ့ လက်သေးသေးလေးကို မြှောက်ပြီး ကိုင်ထားကာ စူးစိုက် ကြည့်နေတာကို တွေ့လိုက်ရတယ်။

ဟွမ်ရုံ မျက်နှာနီမြန်းသွားပြီး လက်ကို ပြန်ဆွဲဖို့ ကြိုးစားလိုက်တယ် ~ “ဟွန်း … ဘာတွေလုပ်နေပြန်တာလဲ”

လုဝမ်ဒီက သူမရဲ့ လက်သေးသေးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး စူးစိုက်ကာ ဆက်ကြည့်နေတယ် ~ “ဘယ်လောက်လှတဲ့ လက်တွေလဲ၊ ငါမြင်ဖူးသမျှထဲမှာ အလှဆုံး လက်တွေပဲ။”

ဟွမ်ရုံက အနည်းငယ် ဟန်လုပ်ရုန်းကန်ပြီး “တကယ်ပဲ အဲဒီလောက်လှလား” လို့ မေးလိုက်တယ်။

လုဝမ်ဒီက အချစ်ငတ်နေတဲ့ပုံစံနဲ့ “ဟုတ်တယ်၊ လုံးဝ တုနှိုင်း မရအောင်ပဲ၊ အရမ်းလှတာပဲ~~" သူပြောနေရင်း စိတ်မထိန်းနိုင်ဟန် နဲ့ ဟွမ်ရုံရဲ့ သေးငယ်တဲ့လက်ကို စ နမ်း လိုက်တယ်။ ဟွမ်ရုံ ရှက်သွားပြီး ပြောတော့မလို့ လုပ်နေတုန်း ရုတ်တရက် လုဝမ်ဒီက သူ့ပါးစပ်ကို ဟပြီး ဟွမ်ရုံရဲ့ လက်ညှိုးကို ပါးစပ်ထဲ ထည့်လိုက်တယ်။

“အာ~” ဟွမ်ရုံ တိုးတိုးလေးအော်လိုက်ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားတယ်။ သူမရဲ့ လက်ချောင်းများကို လူဝမ်ဒီရဲ့ ဖောင်းကားဆူဖြိုးနေသော ပါးစပ်ကြီးဖြင့် လောဘတကြီး လျက်နေ၊ စုပ်နေတာကို ကြည့်ရင်း ဟိုစန်း သူမကို မုဒိမ်းကျင့်တာ ခံခဲ့ရတဲ့နေ့က ထိုသို့ သူမကို အတင်း အဓမ္မ မဟားတရား မပြုကျင့်မီ သူမ၏ခြေထောက်များဖြင့် ကစားနေတာကို ပြန် မြင်ယောင်မိလာသည် ၊အလိပ်လိပ် တက်လာတဲ့ ကာမဂုဏ်လှိုင်း တွေရဲ့ အရသာကြောင့် မိုက်ခနဲ ဖြစ်သွားပြီး သူမရဲ့ ခေါင်းပဲလား၊ လောကကြီး တစ်ခုလုံးလား တော့မသိ၊ ချာချာလည် နေသလို ခံစားနေရတာတော့ သေချာတယ်။

လုဝမ်ဒီက ဟွမ်ရုံရဲ့ လက်ချောင်း တစ်ချောင်းချင်းစီကို ဂရုတစိုက် လျက်ပေးပြီး သူမရဲ့ လက်ဖဝါးတွေကိုတောင် မချန်ထားခဲ့ပါဘူး။ ဟွမ်ရုံက သူ့ကို ရပ်တန့်လိုက် သင့်မသင့် သူမ စိတ်မှာဝေခွဲမရ ဖြစ်နေဆဲ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တဖျဉ်းဖျဉ်း တစစ်စစ် ခံစားနေရမှုတွေက သူမ အနေနဲ့ ငြင်းဆန်ဖို့ ခွန်အားမဲ့စေတယ်။ မသိစိတ် နဲ့ သူမရဲ့ ပေါင်နှစ်ဖက်ကို တင်းတင်းစေ့လိုက်မိတယ်။

ဟွမ်ရုံ ကြောင်အအနဲ့ မှက်တက်တွေဝေနေဆဲမှာ လွီဝမ်ဒီက ရုတ်တရက် သူမကို ဆွဲယူလိုက်တာကြောင့် ဟွမ်ရုံလည်း သူ့ရင်ခွင်ထဲ ပြန်ရောက် သွားခဲ့တယ်။ သူမရဲ့ စိတ်ခံစားချက်တွေ ရောပြွန်း ရှုပ်​ထွေးနေချိန်မှာပဲ သူမရဲ့ ချယ်ရီရောင်နှုတ်ခမ်းတွေကို နမ်းစုပ်တာ ခံလိုက်ရတယ်။

သူ့ရဲ့ထူထဲတဲ့နှုတ်ခမ်းတွေက. ဟွမ်ရုံ ရဲ့ နူးညံ့တဲ့ ချယ်ရီရောင် နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန်စုပ်ယူလိုက်ပြီး သူ့ရဲ့ကြီးမားတဲ့လျှာက သူမရဲ့နှုတ်ခမ်းတွေ၊ သွားတွေနဲ့ သွားဖုံးတွေကို ရမ္မက်ပြင်းပြစွာ လျက်နေတယ်။ ဟွမ်ရုံ ရဲ့လက်တွေကို သူကဆွဲယူလိုက်ပြီး သူ့ကျောနောက်ကိုပို့လိုက်တယ်။ သူမရဲ့လက်တွေက ဘယ်လိုပြန်ဆွဲယူရမှန်း မသိသလို တောင်းတင်း ပြန့်ကားပြီး ပါသွားတယ်။ သူမရဲ့ သမင်မျက်ဝန်း တွေက သူမမျက်နှာနဲ့ ကပ်လျက်ရှိနေတဲ့ ဝက်တစ်ကောင်လို ဝဖီး နေတဲ့ မျက်နှာကြီးကို စိုးထိတ်စွာ ကြည့်နေတယ်။

သူ့ရဲ့ ရမ္မက်ဆန်တဲ့ မျက်နှာက ရာဂစိတ်တွေ မွှန်နေတဲ့ တြိဂံပုံ မျက်လုံးတွေကို တင်းတင်းမှိတ်ထားပြီး ဟွမ်ရုံ ရဲ့ ရနံ့သင်းသင်း နှုတ်ခမ်းတွေကို အထိန်းအကွပ်မဲ့ဆိုပေမဲ့ ညင်သာစွာ စိတ်ရှည်လက်ရှည် နမ်းရှိုက် နေမိတယ်။ သူ့ရဲ့ နံဟောင်နေတဲ့ တံတွေးတွေက ဟွမ်ရုံ ရဲ့ နှုတ်ခမ်းထောင့် ကနေ ပြန်စီးကျလာတယ်။

ဟွမ်ရုံရဲ့ တောင့်တင်းနေတဲ့ လက်တွေဟာ ဖြည်းဖြည်းချင်း ပြေလျော့ သွားပြီး လူဝမ်ဒီရဲ့ ကျောဘက်မှာ အလိုက်သင့် ကျသွားတယ်။ စိုးထိတ်နေတဲ့ သူမရဲ့ မျက်လုံးတွေလည်း ဖြည်းဖြည်းချင်း မှိတ်သွားတယ်။ ယောကျ်ားတစ်ယောက်က သူမကို ဒီလောက် ညင်သာစွာနဲ့ စိတ်ရှည်ရှည် နမ်းတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒီအနမ်းမျိုး အကိုကျင်း နဲ့ တခါမှ မကြုံဘူး သလို ဟိုဆန်နဲ့တုန်းကလည်း မကြုံဖူးဘူး။ အနမ်းတစ်ပွင့်က ဒီလောက် သက်တောင့်သက်သာရှိပြီး မူးယစ်ရီဝေ စေနိုင်တယ်ဆိုတာ သူမ ဘယ်တုန်း ကမှ မသိခဲ့ဘူး။

လုဝမ်ဒီက အမျိုးသမီး ရဲ့ နှုတ်ခမ်းများနှင့် သွားများ ပြေလျော့လာတာကို ခံစားလိုက်ရတယ်။ သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံများအရ ချက်ချင်းပင် ခုခံအားလျော့လာတဲ့ သွားများကို လျှာဖြင့် ဖြည်ထုတ်ကာ အမျိုးသမီးရဲ့ ပါးစပ်ထဲကို သူ့လျှာကို လျင်မြန်စွာ ထိုးသွင်းလိုက်ပြီး သူမ၏ လျှာကို ချိတ်ကာ သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်တယ်။

ဆန္ဒရမ္မက်တွေနဲ့ ပြည့်နေကြ အော်ပရာဇာတ်ရုံ ရဲ့ သီးသန့်အခန်း ထဲတွင် ဒီနေ့မှာတော့ လှပတဲ့ ဟွမ်ရုံဟာ လူဝမ်ဒီ ရဲ့ ကျောကို လက်တစ်ဖက်ဖြင့် တင်းတင်း ဖက်ထားပြီး ကျန်လက်တစ်ဖက်က စားပွဲကို ကူကယ်ရာမဲ့စွာ ကိုင်ထားမိတယ်။ သူမ၏ နှုတ်ခမ်းတွေ၊ သွားတွေဟာ လူဝမ်ဒီ ရဲ့ ပါးစပ်ထဲမှာ နစ်မြုပ်နေတယ်။ လူဝမ်ဒီ က ဟွမ်ရုံ ရဲ့ သေးသွယ်သော ခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ဖက်ထားပြီး သူမကို ကလူကျီစယ် နမ်းရှုပ်နေရင်း သူ့ အောင်ပွဲ အသီးအပွင့်များကို အရသာခံစားနေတယ်။

"ဟွမ်ရုံဟာ အထီးကျန်ဆန်နေပြီး ဂရုတစိုက် ပြုစုယုယ ခံရတာကိုလည်း ဆာလောင်နေခဲ့တာပါ။ သူမဟာ ငယ်ငယ်ကတည်းက သွန်သင်ဆုံးမပေးမယ့်သူ မရှိခဲ့ဘူး။ မေတ္တာပေးမယ့်သူလည်း မရှိခဲ့ဘူး။ အိမ်ထောင်ကျတော့လည်း မျှော်လင့် ထားသလို နွေးနွေးထွေးထွေး မရခဲ့ဘူး။ နောက် မမျှော်လင့်ဘဲ ကံဆိုးစွာ အတွေ့မှာ ကျဆုံးရတာကို စိတ်ထွက်ပေါက် လို့ ထင်ပြီး ဇွတ်တရွတ်နိုင်တဲ့ စရိုက်ကြောင့် ကိုယ့်ကိုယ်ကို ဖျက်ဆီး မိနေတာပါ။ အဲဒီအချိန်မှာ “လူဝမ်ဒီ” က အချိန်ကိုက် သူပေါ်လာခဲ့တာပါ။ သူက ဘာပြောရမလဲ သိတယ်။ ဘာမေးရမလဲ သိတယ်။ သူမ ကြားချင်တဲ့ စကားတွေကိုလည်း သိတယ်။ အမျိုးသမီး တွေနဲ့ ပတ်သက်ယင် အတွေ့အကြုံ ရင့်ပြီး အချိုပေးရမလား၊ အချဉ်ကျွေးရမလား ကောင်းကောင်း နားလည်တယ်။ ဟွမ်ရုံကတော့ သူမရဲ့ လစ်ဟာနေတဲ့ ကွက်လပ် ကို ဖြည့်ပေးမယ့် ကိုယ့်ကို နားလည်ပေးမယ့်သူ တွေ့ပြီလို့ ထင်နေခဲ့တယ်။ ဒါပေမဲ့ သူမ မသိခဲ့တာက လူဝမ်ဒီ က သူမရဲ့ အားနည်းချက်ကို မြင်နေပြီးသား။ ပြီးတော့ အဲဒီအားနည်းချက်ကပဲ သူမကို နစ်သထက် နစ် ဒုက္ခရောက်စေတော့မယ်။"